“နန္ဒာခင် (သက္ကလမြေ)” ရေးသားသည့် “အဖေ့ခြံနှင့် အခြား ရသ ဝတ္ထုတိုများ'' စာအုပ်သစ်ကို စာပေဗိမာန်က ထုတ်ဝေဖြန့်ချိ

“နန္ဒာခင် (သက္ကလမြေ)” ရေးသားသည့် “အဖေ့ခြံနှင့် အခြား ရသ ဝတ္ထုတိုများ'' စာအုပ်သစ်ကို စာပေဗိမာန်က ထုတ်ဝေဖြန့်ချိ လိုက်ပြီဖြစ်ပါသည်။

အဆိုပါစာအုပ်သည် ၂ဝ၁၉ ခုနှစ်အတွက် စာပေဗိမာန်စာမူဆုပြိုင်ပွဲတွင် ဝတ္ထုတိုပေါင်းချုပ် ပထမဆုရ စာမူဖြစ်ပြီး စာပေဗိမာန်က ပြည်သူ့လက်စွဲစာစဉ်အဖြစ် ထုတ်ဝေဖြန့်ချိလိုက်ခြင်း ဖြစ်သည်။

“အဖေ့ခြံနှင့် အခြား ရသ ဝတ္ထုတိုများ'' စာအုပ်တွင်   ပွဲ၊ မှား၊ ယူ၊ နှိုးစက် အစရှိသော ဝတ္ထုတို (၁၀) ပုဒ် ပါဝင်သည်။ ဇာတ်ပွဲမကြည့်ဖူးသော မိန်းမငယ်တစ်ဦးက ပွဲကြည့်ရဖို့အရေး ကြုံရာကျပန်း အလုပ်လုပ်၊ ငွေစု၊ ကြိုးစားခဲ့ရပြီး ပွဲခင်းထဲရောက်သည့်အခါ သူ မျှော်လင့်မထားသော စိတ်ညစ်စရာ၊ စိတ်ကသိကအောက်ဖြစ်စရာများ၊ ကြုံရပုံကို ရေးဖွဲ့ထားသော “ပွဲ”၊ လောဘကြောင့် ကျူးလွန်ခဲ့သော မသမာမှုများသည် နောင်တစ်ချိန် သူ့မျိုးဆက်၏ခေတ်သို့ ရောက်ရှိသည့်အခါ ဆိုးကျိုးသက်ရောက်ပုံကို ရေးဖွဲ့ထားသော “အမှား”၊ ပေးလှူခြင်းမှန်သမျှသည် သံသရာအတွက် ရယူခြင်းဖြစ်ကြောင်း သတင်းစကားပါးထားသော “ယူ”၊ အိမ်တစ်အိမ်တွင် အဘွားဖြစ်သူသည် တစ်အိမ်လုံး၏ အရေးအပါဆုံး မိသားစုဝင်ဖြစ်ကြောင်း ဖော်ကျူးထားသည့် “နှိုးစက်” စသည့် တိုတိုရှင်းရှင်း ဝတ္ထုလေးများဖြင့် ဖွဲ့စည်းထားသော စာအုပ်ကောင်းတစ်အုပ်ဖြစ်ပါသည်။  

အဆိုပါစာအုပ်ကို ရောင်းဈေး (၂၀ဝဝ) ကျပ်ဖြင့် အမှတ် ၅၂၉ - ၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၁-၈၂၄၉၀၃၁၊ ၀၁-၈၃၈၁၄၄၈)၊ အမှတ် (တ- ၅၅)၊ သပြေကုန်းစျေး၊ နေပြည်တော်ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၆၇-၃၄၁၄၆၈၁)၊ ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်း ကြား၊ မန္တလေးမြို့ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၂-၄၀၃၀၁၈၆) နှင့် အမြို့မြို့ရှိ စာပေဗိမာန် ကိုယ်စားလှယ်များထံတွင် ဆက်သွယ်ဝယ်ယူနိုင်ကြောင်းနှင့် လက်ကားမှာယူလိုပါက အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန်၊ အရောင်းဌာန (ဖုန်း ၀၁-၈၂၄၉၀၃၁၊ ၀၁-၈၃၈၁၄၄၈) သို့ ဆက်သွယ်နိုင်ကြောင်း သတင်းရရှိသည်။
 

အကြံပြုစာ/တိုင်ကြားစာ