၁၁-၆-၂၀၂၂ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၄)၊ အမှတ် (၂၄)ထွက်ရှိ သတင်း

ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ် အောက် ကလေးငယ်များ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၂၂ ခုနှစ်၊ ဇွန်လ ၁၁ ရက် (စနေနေ့)တွင် ထွက်ရှိမည့် ရွှေသွေး ဂျာနယ် အတွဲ (၅၄)၊ အမှတ် (၂၄) ၌ မိမိအတွက်သာ ကြည့်ပြီး ကြက်တူရွေးလေးရွှေခဲအတွက် မစဉ်းစားပေးခဲ့မိသော ပိစိအကြောင်း ရေးဖွဲ့ထားသည့် “ပိစိပါဝင်သော ပျံသာပျံပါ ထက်အာကာ” မျက်နှာဖုံးကာတွန်း၊ သူငယ်ချင်းများအပေါ် အထင်သေးစိတ် ဖြစ်ပေါ်မိသော ပေါလေးအကြောင်း တင်ဆက်ထားသည့် “ပေါ‌လေးပါဝင်တဲ့ တကယ်တုံးတာက”  နှစ်မျက်နှာကာတွန်း၊ အပြောကြီးသော ကြံကြံအကြောင်း ရေးဖွဲ့ထားသည့် “ကြံကြံရဲ့ လက်တွေ့နဲ့စိတ်ကူး” နှစ်မျက်နှာကာတွန်း၊ မိမိ၏ မထားအပ်သော မာန်မာနကြောင့် အသက်ဘေးဖြင့် ကြုံတွေ့ရသော ဖားပြုပ်အကြောင်း ရေးဖွဲ့ထားသည့် “ဘဝင်မြင့်တဲ့ ကိုရွှေဖား” နှစ်မျက်နှာကာတွန်း၊ ရဲရင့်ဖြိုး၏ လိမ္မာပါးနပ်ပုံအကြောင်း ရေးဖွဲ့ထားသည့် “အမွှေလေး ရဲရင့်ဖြိုး”  တစ်မျက်နှာကာတွန်းနှင့် လက်ပတ်တီးစည်းထားရသော လိပ်ပု အကြောင်းကို ဟာသဖြစ်ဖွယ် တင်ဆက်ထားသည့် “အာတူး” မျက်နှာဝက်ကာတွန်းတို့ကို တင်ဆက်ထားပါသည်။ 

 သုတဆောင်းပါးကဏ္ဍတွင် သင်္ချာပညာရပ်အကြောင်းနှင့် ၎င်း၏ အရေးပါအရာရောက်ပုံ အကြောင်း တင်ဆက်ထားပါသည်။ ပုံပြင်ကဏ္ဍတွင် မိမိ၏အမျိုးအနွယ်ကို ဘေးရန်က ကာကွယ်ပေးနိုင်ခဲ့သည့် ရဲရင့်သောကျီးအကြောင်း ဖတ်ရှုရမည်ဖြစ်ပါသည်။ စာစီစာကုံးကဏ္ဍအနေဖြင့် စာပေဗိမာန် စိန်ရတု အထိမ်းအမှတ်အဖြစ် ပြုလုပ်သော ရွှေသွေးတို့လက်ရာ စာစီစာကုံးပြိုင်ပွဲတွင် ဆန်ခါတင်အဆင့် ရွေးချယ်ခံရသည့် “လူငယ်နှင့်မူးယစ်ဆေးဝါးအန္တရာယ်” စာစီစာကုံးကို ဖတ်ရှုရမည်ဖြစ်ပါသည်။ ထို့ပြင် ဉာဏ်စမ်းကဏ္ဍနှင့် ကဗျာကဏ္ဍတို့ကိုလည်း တင်ဆက်ထားပါသည်။ အင်္ဂလိပ်စာကဏ္ဍအနေဖြင့် တယ်လီဖုန်းဖြင့် စကားပြောနေသည်ကို ရုတ်တရက်ဖုန်းချလိုကြောင်း ပြောဆိုပုံကို အသုံးအနှုန်းမတူဘဲ အဓိပ္ပာယ်တူပြောထားသည့် အပြန်အလှန်ပြောဆိုပုံ သင်ခန်းစာသစ်အချို့ကို လေ့လာမှတ်သားနိုင်မည် ဖြစ်ပါသည်။

ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၄၀၀ ကျပ် နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့။ ဖုန်း ၀၁-၃၈၁၄၄၈၊ ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။
 

အကြံပြုစာ/တိုင်ကြားစာ