Oct 14, 2025
စပ်ထုံးစပ်နည်းများ မှန်ကန်သည့်အပြင် ရွတ်ဖတ်ရာတွင်လည်း ချိုသာပြေပြစ်သည်။ ကျေးလက် အလှ၊ မြန်မာမှု မြန်မာ့ဓလေ့၊ မိဘမေတ္တာ၊ နိုင်ငံချစ်စိတ်၊ ဇာတိမာန်၊ တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးဆိုင်ရာ ကဗျာများ၊ အတွေးရသကဗျာများ စသည်ဖြင့် အကြောင်းအရာစုံလင်သည်။ ကဗျာအကြောင်းအရာများကို တင်ပြရာတွင်လည်း အတွေးသစ်၊ အမြင်သစ်၊ ရှုထောင့်သစ်များမှ ရှုမြင်ထားပုံများလည်းပါရှိပြီး တင်ပြပုံများ ကောင်းမွန်သည့် ကဗျာစာအုပ်ကောင်းတစ်အုပ် ဖြစ်ပါသည်။