“မောင်အောင် (မွေးကု)” ရေးသားသည့် “ကျေးလက်စီးပွားတိုးတက်ရေး ကျွဲ၊ နွား၊ ကြက်၊ ဝက် တိုးချဲ့မွေး” စာအုပ်သစ်ကို စာပေဗိမာန်က ထုတ်ဝေဖြန့်ချိ လိုက်ပြီဖြစ်ပါသည်။
အဆိုပါစာအုပ်သည် ၂ဝ၁၈ ခုနှစ်အတွက် စာပေဗိမာန်စာမူဆုပြိုင်ပွဲတွင် သုတပဒေသာ (သိပ္ပံနှင့်အသုံးချသိပ္ပံ) တတိယဆုရ စာမူဖြစ်ပြီး စာပေဗိမာန်က ပြည်သူ့လက်စွဲစာစဉ်အဖြစ် ထုတ်ဝေဖြန့်ချိလိုက်ခြင်း ဖြစ်သည်။
“ကျေးလက်စီးပွားတိုးတက်ရေး ကျွဲ၊ နွား၊ ကြက်၊ ဝက် တိုးချဲ့မွေး” စာအုပ်တွင် မြန်မာနိုင်ငံ၏ ၇၀ ရာခိုင်နှုန်းသော ကျေးလက်နေပြည်သူများအဖို့ တစ်နိုင်တစ်ပိုင်စိုက်ပျိုးမွေးမြူရေးနှင့် စပ်လျဉ်း၍ အသိပညာ၊ ဗဟုသုတနှင့်အောင်မြင်ရန် နည်းလမ်းများ သိရှိရန် လိုအပ်နေပါသည်။ ထိုကွက်လပ်ကို ဖြည့်ဆည်းရန် စာရေးသူသည် ဖြတ်သန်းတွေ့ဆုံခဲ့ရသူရသည့် တိရစ္ဆာန်ဆေးကုဆရာဝန်ဘဝ နှစ်ပေါင်း (၄၀) ကျော်တွင် ကြုံဆုံခဲ့ရသည့် အတွေ့အကြုံများကို အသုံးပြုကာ “ကျေးလက်စီးပွားတိုးတက်ရေး ကျွဲ၊ နွား၊ ကြက်၊ ဝက် တိုးချဲ့မွေး” စာအုပ်ကို လွယ်ကူရှင်းလင်းစွာဖြင့် ရေးသားတင်ပြထားပါသည်။ ကျေးလက်နေသူများ၏ လူမှုစီးပွားရေးဘဝ ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုမည့် စာအုပ်ကောင်းတစ်အုပ်ဖြစ်ပါသည်။
အဆိုပါစာအုပ်ကို ရောင်းဈေး (၂၀ဝဝ) ကျပ်ဖြင့် အမှတ် ၅၂၉ - ၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန် စာအုပ်ဆိုင် (ဖုန်း ၀၁-၈၂၄၉၀၃၁၊ ၀၁-၈၃၈၁၄၄၈)၊ အမှတ် (တ- ၅၅)၊ သပြေကုန်းစျေး၊ နေပြည်တော်ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၆၇-၃၄၁၄၆၈၁)၊ ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်း ကြား၊ မန္တလေးမြို့ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၂-၄၀၃၀၁၈၆) နှင့် အမြို့မြို့ရှိ စာပေဗိမာန် ကိုယ်စားလှယ်များထံတွင် ဆက်သွယ်ဝယ်ယူနိုင်ကြောင်းနှင့် လက်ကားမှာယူလိုပါက အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန်၊ အရောင်းဌာန (ဖုန်း ၀၁-၈၂၄၉၀၃၁၊ ၀၁-၈၃၈၁၄၄၈) သို့ ဆက်သွယ်နိုင်ကြောင်း သတင်း ရရှိသည်။