“ရွှေညာသားမြတ်မင်း” ရေးသားသည့် “တအန်း (ပလောင်) တိုင်းရင်းသားတို့၏ ဘဝဓလေ့ ရိုးရာ ယဉ်ကျေးမှုများ'' စာအုပ်သစ်ကို စာပေဗိမာန်က ထုတ်ဝေဖြန့်ချိ

“ရွှေညာသားမြတ်မင်း” ရေးသားသည့် “တအန်း (ပလောင်) တိုင်းရင်းသားတို့၏ ဘဝဓလေ့ ရိုးရာ ယဉ်ကျေးမှုများ'' စာအုပ်သစ်ကို စာပေဗိမာန်က ထုတ်ဝေဖြန့်ချိ လိုက်ပြီဖြစ်ပါသည်။

အဆိုပါစာအုပ်သည် ၂ဝ၁၇ ခုနှစ်အတွက် စာပေဗိမာန်စာမူဆုပြိုင်ပွဲတွင် မြန်မာ့ယဉ်ကျေးမှုနှင့် အနုပညာဆိုင်ရာစာပေ တတိယဆုရ စာမူဖြစ်ပြီး စာပေဗိမာန်က ပြည်သူ့လက်စွဲစာစဉ်အဖြစ် ထုတ်ဝေဖြန့်ချိလိုက်ခြင်း ဖြစ်သည်။

“တအန်း (ပလောင်) တိုင်းရင်းသားတို့၏ ဘဝဓလေ့ ရိုးရာ ယဉ်ကျေးမှုများ'' စာအုပ်တွင်   တအန်း (ပလောင်) လူမျိုးများ၏ မျိုးနွယ်စုများ ဆင်းသက်လာပုံသမိုင်း၊ မြန်မာနိုင်ငံအတွင်း ရောက်ရှိနေထိုင်ပုံ၊ လူမှုဆက်ဆံရေးစနစ်၊ အမည်မှည့်ခေါ်ခြင်း၊ ဝတ်စားဆင်ယင်မှု၊ လက်ထပ်ထိမ်းမြားခြင်းဓလေ့၊ အုပ်ချုပ်ပုံ စနစ်၊ ဓလေ့ရိုးရာအနုပညာ၊ ရိုးရာဓလေ့၊ တရားစီရင်ပုံတို့ကို သုတေသနပြု လေ့လာရေးသားထားသည့် အတွက် စာဖတ်ပရိသတ်များအတွက် သုတကောင်းများစွာ ရရှိမည့် စာအုပ်ကောင်း တစ်အုပ်ဖြစ်ပါသည်။  

အဆိုပါစာအုပ်ကို ရောင်းဈေး (၁၅ဝဝ) ကျပ်ဖြင့် အမှတ် ၅၂၉ - ၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန် စာအုပ်ဆိုင် (ဖုန်း ၀၁-၈၂၄၉၀၃၁၊ ၀၁-၈၃၈၁၄၄၈)၊ အမှတ် (တ- ၅၅)၊ သပြေကုန်းစျေး၊ နေပြည်တော်ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၆၇-၃၄၁၄၆၈၁)၊ ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်း ကြား၊ မန္တလေးမြို့ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၂-၄၀၃၀၁၈၆) နှင့် အမြို့မြို့ရှိ စာပေဗိမာန် ကိုယ်စားလှယ်များထံတွင် ဆက်သွယ်ဝယ်ယူနိုင်ကြောင်းနှင့် လက်ကားမှာယူလိုပါက အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန်၊ အရောင်းဌာန (ဖုန်း ၀၁-၈၂၄၉၀၃၁၊ ၀၁-၈၃၈၁၄၄၈) သို့ ဆက်သွယ်နိုင်ကြောင်း သတင်း ရရှိသည်။
 

အကြံပြုစာ/တိုင်ကြားစာ