၂၀၂၁ ခုနှစ်အတွက် အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရာတွင် ထည့်သွင်းစဉ်းစားနိုင်ရေး ၂၀၂၁ ခုနှစ် အတွင်း ပထမအကြိမ်ထုတ် စာအုပ်များကို စာပေဆုများ အုပ်ချုပ်ထောက်ပံ့မှုကော်မတီရုံး စာပေဗိမာန်သို့ ပေးပို့ကြရန် စာရေးသူ၊ ပုံနှိပ်သူနှင့် ထုတ်ဝေဖြန့်ချိသူများနှင့် ပြည်သူများကို နိုင်ငံပိုင်သတင်းစာများ၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားသတင်းဌာနများမှတစ်ဆင့် မေတ္တာရပ်ခံ နှိုးဆော်ခဲ့ပါသည်။
အဆိုပါ မေတ္တာရပ်ခံချက်အရ စာရေးသူ၊ ပုံနှိပ်သူနှင့် ထုတ်ဝေဖြန့်ချိသူတို့က ၂၀၂၁ ခုနှစ်အတွင်း ပထမအကြိမ်ထုတ် စာအုပ်များကို တစ်မျိုးလျှင် (၄) အုပ်နှုန်းဖြင့် စာပေဗိမာန်ရုံးသို့ လာရောက်ပေးပို့လျက်ရှိရာ စာပေဗိမာန်ရုံးက လက်ခံရရှိကြောင်း ပြန်ကြားပေးခြင်း၊ www.moi.gov.mm/ppd Web Site တွင် သတင်းထုတ်ပြန်ခြင်း၊ ရရှိလာသည့် စာအုပ်များကို အမျိုးသားစာပေဆု ရွေးချယ်ရေးအတွက် သတ်မှတ်ထားသော ဘာသာရပ် (၁၉) မျိုးအလိုက် ဘာသာရပ်များ ခွဲခြားမှတ်တမ်းတင်ခြင်း စသည်တို့ ဆောင်ရွက်လျက်ရှိပါသည်။ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ (၁၆) ရက်တွင် စာအုပ် (၆) မျိုး ထပ်မံရရှိခဲ့ရာ လာရောက်ပေးပို့သည့်ရက်များကိုလည်း Web Site တွင် သတင်းအဖြစ် ဖော်ပြခဲ့ပါသည်။ ယင်းစာအုပ်များ စာရင်းကို အောက်ပါအတိုင်း စုစည်းဖော်ပြအပ်ပါသည် -
(၁) မြန်မာ့အလှပြဇာတ်များ - ဗိုလ်မှူးကြီးအုန်းမောင်၊ (၂) ဗုဒ္ဓဝင်နှင့် ဗုဒ္ဓ၏မြတ်သောအကျင့်တည်ရာ သာသနာ - စံငြိမ်း (အဘိဓမ္မာ)၊ (၃) အဘိုးမှိုင်းကို ဘယ်လိုပြောရမယ်နှင့် အတွေးအမြင်ဆောင်းပါးများ - မြတ်တင့်၊ (၄) အမေရိကန်ပြည်ထောင်စုသို့ အလည်သွားရောက်ခြင်း - မင်းညိုစံ၊ (၅) မြန်မာ့ရိုးရာ နာမကရဏမင်္ဂလာစာတမ်း - သိဒ္ဓိမောင်ဒွေး၊ (၆) ကြွေလုလုမျက်ရည်တွေက မျက်ဝန်းအိမ်ထဲမှာ - ကျွန်းစဉ်မြေစောခက်၊