မြန်မာ့စွယ်စုံကျမ်းနှစ်ချုပ် (၂၀၂၂) ထုတ်ဝေဖြန့်ချိနိုင်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ

မြန်မာ့စွယ်စုံကျမ်းနှစ်ချုပ် (၂၀၂၂) ထုတ်ဝေဖြန့်ချိနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့ (၂၄-၂-၂၀၂၂) ရက်နေ့ မွန်းလွဲ ၁ : ၃၀ က စာပေဗိမာန်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အဆိုပါအစည်းအဝေးသို့ မြန်မာ့ရည်ညွှန်းကျမ်းစီစဉ်ရေးအဖွဲ့ဒုတိယဥက္ကဋ္ဌဒေါက်တာမျိုးသန့်တင်၊ အတွင်းရေးမှူး စာပေဗိမာန်စာတည်းမှူးချုပ် ဦးတိုးကျော်၊ တွဲဖက်အတွင်းရေးမှူး၊ စာပေဗိမာန် စာတည်းမှူး ဒေါ်ဇင်မာထွေး၊ အဖွဲ့ဝင်များဖြစ်ကြသည့် ဦးခင်စိုး (စိုးစိုး-ပန်းတောင်း)၊ ဒေါက်တာသန်းထွဋ် (လင်း-ဆေး ၁)၊ ဦးထွန်းအုံ (အေးထွန်းမင်း)၊ ဦးမောင်မောင်ဦး (ဟိန်းလတ်)၊ ပါမောက္ခကိုကိုအောင် (သိပ္ပံစာရေးဆရာကိုကိုအောင်)၊ ဦးကြည်ဝင်း (လောကအမွန်)၊ ဒေါ်နုနုယဉ် (နန်းညွန့်ယဉ်ခမ်း) နှင့် မြန်မာ့စွယ်စုံကျမ်းနှစ်ချုပ် စာတည်းအဖွဲ့ဝင်များ တက်ရောက်ကြပြီး ဒေါက်တာတင်လှိုင် (ဘိုးလှိုင်)၊ ဒေါက်တာတိုးလှ (တိုးလှ)၊ ဦးစိန်လှိုင် (သူရဇော်)၊ ဦးမောင်လှိုင် (မောင်ဆွေငယ်)၊ ဒေါက်တာစိုးနိုင်၊ ဒေါက်တာစောမြအောင်၊ ဒေါက်တာညိမ်းညိမ်း (ရှင်ညိမ်းမယ်)၊ ဒေါက်တာအောင်ကြီး (ဒေါက်တာအောင်ကြီး)၊ ဒေါက်တာသိန်းလွင် (မြန်စာမြေသိန်းလွင်)၊ ဒေါက်တာနော်ဂျူးဖော၊ ဒေါက်တာမြင့်သန်း (ညောင်လေးပင်) နှင့် တက္ကသိုလ်များဗဟိုစာကြည့်တိုက်မှူး တို့က ခွင့်ပန်ခဲ့ကြသည်။

အစည်းအဝေးတွင် မြန်မာ့စွယ်စုံကျမ်းနှစ်ချုပ် (၂၀၂၂) ကို ဆောလျင်စွာ ပြုစုထုတ်ဝေရေးနှင့် စာတည်း အဖွဲ့က ပြုစုထားသည့် စာမူများအပေါ် မြန်မာ့ရည်ညွှန်းကျမ်းစီစဉ်ရေးအဖွဲ့က အကြံပြုလမ်းညွှန်နိုင်ရေး အခြေအနေများနှင့် ပတ်သက်၍လည်းကောင်း၊ ယခုထွက်ရှိမည့် ၂၀၂၂ နှစ်ချုပ်စာအုပ်၏ မျက်နှာဖုံးဂျက်ကတ်တွင် စာပေဗိမာန် (၇၅) ပြည့်စိန်ရတုအထိမ်းအမှတ်နှင့် ပုံနှိပ်ရေးနှင့်ထုတ်ဝေရေး ဦးစီးဌာန နှစ် (၅၀) ပြည့်အထိမ်းအမှတ်တို့ ထည့်သွင်းနိုင်ရေးတို့ကိုလည်းကောင်း ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။

1-103

2-83

3-49

4-21

5-13

6-12

7-6

8-4

အကြံပြုစာ/တိုင်ကြားစာ