“လှိုင်းနန္ဒာ (တမာမြေ)” ရေးသားသည့် “မိုင်းပွန်အာဇာနည်စစ်တမ်းရှာပုံတော်” စာအုပ်သစ်ကို စာပေဗိမာန်က ထုတ်ဝေဖြန့်ချိ

“လှိုင်းနန္ဒာ (တမာမြေ)” ရေးသားသည့် “မိုင်းပွန်အာဇာနည်စစ်တမ်းရှာပုံတော်” စာအုပ်သစ်ကို စာပေဗိမာန်က ထုတ်ဝေဖြန့်ချိ လိုက်ပြီဖြစ်ပါသည်။

အဆိုပါစာအုပ်သည် စာပေဗိမာန်စာမူဆုပြိုင်ပွဲတွင် သုတပဒေသာ (ဝိဇ္ဇာ) စာပေ ဒုတိယဆုရစာမူဖြစ်ပြီး စာပေဗိမာန်က ပြည်သူ့လက်စွဲစာစဉ်အဖြစ် ထုတ်ဝေဖြန့်ချိလိုက်ခြင်း ဖြစ်သည်။

“မိုင်းပွန်အာဇာနည်စစ်တမ်းရှာပုံတော်” စာအုပ်သည် မိုင်းပွန်မြို့၌ တစ်ချိန်ကထင်ရှားခဲ့သော မိုင်းပွန်စော်ဘွားများအကြောင်းကို ဖော်ထုတ်ရေးသားထားသော သမိုင်းဝင်အချက်အလက်များ ပါဝင်သည့် စာအုပ်ဖြစ်ပါသည်။ အာဇာနည်ခေါင်းဆောင်တစ်ဦးဖြစ်သည့် မိုင်းပွန်စော်ဘွား စဝ်စံထွန်း အပါအဝင် စော်ဘွားငါးဦးအကြောင်းကို စိတ်ဝင်စားဖွယ် ရေးသားတင်ပြထားသည်။ ဤသို့ တင်ပြရာတွင် စော်ဘွားတစ်ဦးချင်းစီ၏ ကိုယ်ရေးအချက်အလက်များသာမက မြန်မာရှင်ဘုရင်များနှင့် ဆက်ဆံရေး၊ အင်္ဂလိပ်အစိုးရနှင့် ဆက်ဆံရေးတို့ကိုပါ ရှာဖွေရေးသားထားသည်။ အထူးသဖြင့် မိုင်းပွန်စော်ဘွား စဝ်စံထွန်း၏ လူထုနှင့် သဟဇာတဖြစ်မှု၊ အမြော်အမြင်ကြီးမားမှု၊ လွတ်လပ်ရေးကြိုးပမ်းမှုနှင့် ပင်လုံစာချုပ်တွင် ပါဝင်မှုတို့ကို ခိုင်လုံသော အထောက်အထားများနှင့်တကွ ရေးသားထားသည်။ စာရေးသူသည် စာပေအထောက်အထားများ၊ ရှမ်းပုရပိုက်စာ အထောက်အထားများကို လေ့လာခဲ့သည့်အပြင် စော်ဘွားများ၏ ကျန်ရှိသောဆွေမျိုးသားချင်းများကိုပါ ကွင်းဆင်း မေးမြန်း၍ ရေးသားထားပါသည်။ ဤစာအုပ်တွင် အချီအချ ပြောစကားများ၊ အမေးအဖြေ စကားများကိုပါ ထည့်သွင်းထားခြင်းကြောင့် စာဖတ်သူများ စိတ်ဝင်စားမည့် စာအုပ်တစ်အုပ်ဖြစ်သည်။

အဆိုပါစာအုပ်ကို ရောင်းဈေး (၂၀၀၀) ကျပ်ဖြင့် အမှတ် ၅၂၉ - ၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၁-၈၂၄၉၀၃၁၊ ၀၁-၈၃၈၁၄၄၈)၊ အမှတ် (တ- ၅၅)၊ သပြေကုန်းစျေး၊ နေပြည်တော်ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၆၇-၃၄၁၄၆၈၁)၊ ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်း ကြား၊ မန္တလေးမြို့ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၂-၄၀၃၀၁၈၆) နှင့် အမြို့မြို့ရှိ စာပေဗိမာန် ကိုယ်စားလှယ်များထံတွင် ဆက်သွယ်ဝယ်ယူနိုင်ကြောင်းနှင့် လက်ကားမှာယူလိုပါက အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန်၊ အရောင်းဌာန (ဖုန်း ၀၁-၈၂၄၉၀၃၁၊ ၀၁-၈၃၈၁၄၄၈) သို့ ဆက်သွယ်နိုင်ကြောင်း သတင်းရရှိသည်။
 

အကြံပြုစာ/တိုင်ကြားစာ