ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန နှစ် (၅၀) ပြည့် ရွှေရတုအထိမ်းအမှတ် အခမ်းအနားစာပေဗိမာန်တွင် ကျင်းပ

ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန၏ နှစ် (၅၀) ပြည့် ရွှေရတုအထိမ်းအမှတ် အခမ်းအနားကို ကုန်သည်လမ်းနှင့် ၃၇ လမ်းထောင့်ရှိ စာပေဗိမာန်ရုံး၌ ယနေ့(၁၇-၃-၂၀၂၂) နေ့နံနက် ၁၁ : ၀၀ နာရီက ကျင်းပသည်။ 

၁၆-၃-၁၉၇၂ တွင် ပုံနှိပ်ရေးနှင့်စာအုပ်ထုတ်ဝေရေး ကော်ပိုရေးရှင်းဟု လည်းကောင်း၊ ၁၉၈၉ ခုနှစ် တွင် “ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးလုပ်ငန်းဟုလည်းကောင်း၊ (၁-၄-၂၀၁၆) တွင် ပုံနှိပ်ရေးနှင့် ထုတ်ဝေရေး ဦးစီးဌာနဟုလည်းကောင်း အဆင့်ဆင့်ပြောင်းလဲခဲ့ရာ ယခုအခါ ၁၆-၃-၂၀၂၂ တွင် နှစ် (၅၀) ပြည့်မြောက်ခဲ့ပြီဖြစ်သည်။ အဆိုပါ နှစ် (၅၀) ပြည့် ရွှေရတုအထိမ်းအမှတ်အဖြစ် ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်၌ ကျင်းပရာ စာပေဗိမာန် စာတည်းမှူးချုပ်နှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်သည်။ 

အခမ်းအနားတွင် စာပေဗိမာန် စာတည်းမှူးချုပ်ဦးတိုးကျော်က ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန ပေါ်ပေါက်လာခြင်း သမိုင်းအကျဉ်း ပြောကြားပြီး ၁၆-၃-၂၀၂၂ ရက်နေ့သည် ဂေဇက်ဝင် ရုံးပိတ်ရက် (တပေါင်းလပြည့်နေ့) ဖြစ်သည့်အတွက် ယနေ့ ၁၇-၃-၂၀၂၂ ရက်တွင် ကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် စာပေဗိမာန် စာတည်းမှူးချုပ်က ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန နှစ် (၅၀) ပြည့် အထိမ်းအမှတ် မွေးနေ့ကိတ်မုန့်ခွဲကာ တက်ရောက်လာသည့် အရာထမ်းအမှုထမ်းများကို ဧည့်ခံကျွေးမွေး၍  တက်ရောက်လာသည့် စာပေဗိမာန် အရာထမ်း၊ အမှုထမ်းများတို့ကို လက်ဖက်ရည်နှင့် မုန့်များဖြင့် တည်ခင်းဧည့်ခံကာ အခမ်းအနားကို ရုပ်သိမ်းလိုက်ကြောင်း သိရသည်။

1-105

2-85

3-50
 

အကြံပြုစာ/တိုင်ကြားစာ