ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ်အောက်ကလေးငယ်များ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၂၂ ခုနှစ်၊ မတ်လ ၁၉ ရက် (စနေနေ့)တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ(၅၄)၊ အမှတ်(၁၂)၌ အငြင်းသန်သော မောင်စိန်နှင့် မောင်ခိန်အကြောင်းကို ပညာပေးရေးဖွဲ့ထားသည့် “လက်ဖဝါးနှင့် လက်ဖမိုး” မျက်နှာဖုံးကာတွန်း၊ မြန်မာဘာသာစကား၏ အနက်အဓိပ္ပာယ်ဆိုင်ရာ သံတူကြောင်းကွဲအကြောင်းကို ရေးဖွဲ့ထားသည့် “ကြိုက်ရာတွေး” နှစ်မျက်နှာကာတွန်း၊ ပတ်ဝန်းကျင်သန့်ရှင်းရေးကို အမြဲဆောင်ရွက်သည်ဆိုသော လူငယ်လေးတစ်ယောက်အကြောင်း ရေးဖွဲ့ထားသည့် “ဖိုးလပြည့်” နှစ်မျက်နှာကာတွန်း၊ အစားအစာများကို စည်းကမ်းမရှိ စားတတ်သော မိချောအကြောင်းကို ရေးဖွဲ့ထားသည့် “စည်းကမ်းမရှိတဲ့ မိချော” နှစ်မျက်နှာကာတွန်း၊ ကြက်သား သွားဝယ်သော ကိုအောအကြောင်းကို ဟာသဖြစ်ဖွယ် တင်ဆက်ထားသည့် “ကိုအောနဲ့ ဘိုစော” တစ်မျက်နှာကာတွန်းနှင့် သူငယ်ချင်းကို ပိုက်ဆံချေးရန် သဘောတူသည်ဆိုသော ရန်ပိုင်စိုးအကြောင်းကို ဟာသဖြစ်ဖွယ်တင်ဆက်ထားသည့် မျက်နှာဝက် ကာတွန်းတို့ကို တင်ဆက်ထားပါသည်။
သုတကဏ္ဍတွင် နို့တိုက်သတ္တဝါအချို့၏ စိတ်ဝင်စားဖွယ်အချက်များအကြောင်း ကလေးတို့ ဗဟုသုတဖြစ်ဖွယ် တင်ဆက်ထားပါသည်။ ဝတ္ထုကဏ္ဍတွင် သူတစ်ပါးအသက်ကို သတ်ခြင်းမှ ရှောင်ကြဉ်တော့မည်ဆိုသော သူငယ်ချင်းသုံးယောက်၏ မင်္ဂလာရှိသောအသံများနှင့်အတူ ပျော်ရွှင် ဖွယ်ရာမျက်နှာအမူအရာများကို ဖြစ်စေခဲ့ပုံအကြောင်း ဖတ်ရှုရမည်ဖြစ်ပါသည်။ ပုံပြင်ကဏ္ဍအနေဖြင့် စေးနှဲတွန့်တိုတတ်သော ကုန်သည်သည် မိမိ၏ ပြောစကားပေါ် ကတိမတည်ခြင်းကြောင့် ရွှေဒင်္ဂါးတစ်ရာကို ဆုံးရှုံးလိုက်ရပုံအကြောင်း တင်ဆက်ထားပါသည်။ ထို့ပြင် ကလေးတို့ကိုယ်တိုင် ဆောင်ရွက်နိုင်မည့် ဉာဏ်စမ်းကဏ္ဍ၊ ရွှေသွေးတို့လက်ရာကဏ္ဍနှင့် ကဗျာကဏ္ဍတို့ကိုပါ တင်ဆက်ထားပါသည်။ အင်္ဂလိပ်စာကဏ္ဍအနေဖြင့် တစ်ယောက်က ပါတီပွဲလုပ်မည်ကို မသိဘူးဟူ၍ ပြောဆိုပြီး ဘယ်အချိန် ကျင်းပမည်လဲဆိုသည်ကို မေးမြန်းပြောဆိုထားပုံ အပြန်အလှန်ပြောထားသည့် သင်ခန်းစာသစ်အချို့ကို Dialogue ပုံစံနှစ်မျိုးဖြင့် တင်ဆက်ထားသည်ကို ကလေးတို့ ဗဟုသုတဖြစ်ဖွယ် လေ့လာမှတ်သားနိုင်မည်ဖြစ်ပါသည်။
ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၄၀၀ ကျပ်နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့။ ဖုန်း- ၀၁-၃၈၁၄၄၈၊ ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။