ဆရာဒေါက်တာခင်မောင်ညိုရေးသားသည့် “လူငယ်နှင့်အကောင်းဆုံးသောဘဝကို တည်ဆောက်ခြင်း” စာအုပ် ထုတ်ဝေဖြန့်ချိ

ဆရာဒေါက်တာခင်မောင်ညိုရေးသားသည့် “လူငယ်နှင့်အကောင်းဆုံးသောဘဝကို တည်ဆောက်ခြင်း” စာအုပ် ထုတ်ဝေဖြန့်ချိ

ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်သည် ပြည်သူများ ပညာဗဟုသုတ တိုးပွားစေရေးအတွက် မြန်မာစာပေဖွံ့ဖြိုးရေးဆိုင်ရာ လုပ်ငန်းများနှင့် အများ ပြည်သူ ဗဟုသုတတိုးပွားရေးအတွက် စာကောင်းပေမွန်များကို ထုတ်ဝေလျက် ရှိပါသည်။

ယခုအခါ မြန်မာနိုင်ငံရှိ မျိုးဆက်သစ် လူငယ်လူရွယ်များ အတွေးအမြင်၊ အယူအဆများ မှန်ကန်စေရန်၊ ဉာဏ်ရည် ဉာဏ်သွေး မြင့်မားရန်နှင့် အနာဂတ်ဖွံ့ဖြိုးတိုးတက်စေရန်အတွက် အားပေးလမ်းညွှန်မှု ပြုနိုင်ရန် ဆရာဒေါက်တာခင်မောင်ညို ရေးသားသည့် “လူငယ်နှင့်အကောင်းဆုံး သောဘဝကို တည်ဆောက်ခြင်း” စာအုပ်ကို ပြန်လည်ထုတ်ဝေလိုက်ပါသည်။

အဆိုပါစာအုပ်တွင် လူငယ်များ အောင်မြင်ဖို့ တည်ဆောက်ခြင်းနှင့် အမြင်များ၊ ရှက်စိတ်၊ ကြောက်စိတ်နဲ့ အောင်စိတ်၊ လူငယ်နှင့် စူးစမ်းလေ့လာမှုများ၊ တာဝန်- လိပ်ပြာသန့်မှု၊ အလှအပဖြင့် ဝင့်ကြွားခြင်း၊ အသုံးကျခြင်းနှင့် နှလုံးလှခြင်း၊ လူငယ်နှင့်သိပ္ပံအတွေး၊ ယုံကြည်စိတ်ချမှုနဲ့ ဘဝအမြင်၊ လူငယ်နဲ့ တက္ကနိုလိုဂျီ စသည်ဖြင့် လူငယ်များအတွက် ခွန်အားဖြည့်ဆောင်းပါးများ စုစုပေါင်း (၂၈) ပုဒ် ပါရှိပါသည်။

ယင်းစာအုပ်ကို ဖတ်ရှုလေ့လာခြင်းဖြင့် လူငယ်များအတွက် အကောင်းဆုံးသောဘဝကို တည်ဆောက်နိုင်မည့် အတွေးအမြင် ခံယူချက် စိတ်ထားနှင့် ဗဟုသုတများ တိုးပွားစေရန် ရည်ရွယ် ထုတ်ဝေပါသည်။

စာအုပ်တွင် စာမျက်နှာ (၁၆၁) မျက်နှာ ပါဝင်ပြီး တန်ဖိုး ၃၀၀၀ ကျပ်ဖြင့် ရန်ကုန်မြို့၊ အမှတ် ၅၂၉- ၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန် စာအုပ်ဆိုင် (ဖုန်း ၀၁-၂၄၉၀၃၁၊ ၀၁-၃၈၁၄၄၈)၊ အမှတ် (တ-၅၅)၊ သပြေကုန်းဈေး၊ နေပြည်တော်ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၆၇-၃၄၁၄၆၈၁)၊ ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်းကြား၊ မန္တလေးမြို့ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၂-၄၀၃၀၁၈၆) တို့တွင် ဝယ်ယူရရှိနိုင်ကြောင်း သတင်းရရှိသည်။
 

အကြံပြုစာ/တိုင်ကြားစာ