၂၀၂၁ ခုနှစ်အတွက် အမျိုးသားစာပေဆုနှင့်စာပေဗိမာန်စာမူဆု စိစစ်ရွေးချယ်ရေး အဖွဲ့ခေါင်းဆောင် နှင့် အဖွဲ့ငယ်ခေါင်းဆောင်တို့တွေ့ဆုံပွဲ အစည်းအဝေးကျင်းပ

၂၀၂၁ ခုနှစ်အတွက် အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆု စိစစ်ရွေးချယ်ရေး အဖွဲ့ခေါင်းဆောင် နှင့် အဖွဲ့ငယ်ခေါင်းဆောင်တို့တွေ့ဆုံပွဲ အစည်းအဝေးကို ၂၀၂၂ ခုနှစ်၊ မတ်လ ၂၄ ရက် နံနက် (၁၁:၀၀) နာရီတွင် စာပေဗိမာန်အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပါသည်။

အစည်းအဝေးတွင်  အမျိုးသားစာပေဆုစိစစ်ရွေးချယ်ရေး ကော်မတီဥက္ကဋ္ဌဆရာကြီး ဦးမောင်မောင်လတ် (နောင်) က နှုတ်ဆက်စကားပြောကြားခြင်း၊ အမျိုးသားစာပေဆုစိစစ်ရွေးချယ် ရေးကော်မတီ အတွင်းရေးမှူး စာတည်းမှူးချုပ် ဦးတိုးကျော်က လုပ်ငန်းဆောင်ရွက်မည့် အစီအစဉ်များတင်ပြခြင်းနှင့် တက်ရောက်လာကြသည့် အဖွဲ့ငယ်ခေါင်းဆောင်တို့က အထွေထွေဆွေးနွေးခြင်း အပါအဝင် အစီအစဉ်ငါးရပ်ဖြင့် ကျင်းပခဲ့ပါသည်။

သက်ဆိုင်ရာဘာသာရပ်အလိုက် အဖွဲ့ငယ်အစည်းအဝေးကို ဧပြီလမှ စတင်၍ အပတ်စဉ် အင်္ဂါ၊ ကြာသပတေးရက်များတွင် ကျင်းပကာ ပဏာမအဆင့်၊ ဆန်ကာတင်အဆင့်နှင့် အတည်ပြုအဆင့် အဖြစ် ရွေးချယ်သတ်မှတ်သွားမည်ဖြစ်ပါသည်။

ယင်းနောက် အစည်းအဝေးကို ဆယ်မိနစ်ရပ်နားပြီး စာပေဗိမာန်စာမူဆု စိစစ်ရွေးချယ်ရေး အဖွဲ့ခေါင်းဆောင်နှင့် အဖွဲ့ငယ်ခေါင်းဆောင်တို့ တွေ့ဆုံသည့် အစည်းအဝေးကို ဆက်လက်ကျင်းပ ခဲ့သည်။ အစည်းအဝေးတွင် စာပေဗိမာန်စာမူဆု စိစစ်ရွေးချယ်ရေးကော်မတီဥက္ကဋ္ဌ ဦးအုန်းမောင် (မြင်းမူမောင်နိုင်မိုး) က နှုတ်ဆက်စကားပြောကြားခြင်း၊ စာပေဗိမာန်စာမူဆုရွေးချယ်ရေးကော်မတီ အတွင်းမှူး စာတည်းမှူးချုပ် ဦးတိုးကျော်က လုပ်ငန်းဆောင်ရွက်မည့် အစီစဉ်များ တင်ပြခြင်းနှင့် တက်ရောက်လာကြသည့် အဖွဲ့ငယ်ခေါင်းဆောင်တို့က အထွေထွေဆွေးနွေးခြင်း အပါအဝင် အစီစဉ် ငါးရပ်ဖြင့် ကျင်းပပြီး အစည်းအဝေးကို မွန်းတည့် ၁၂ : ၀၀ နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။

cover-1

3-51

59

67

72

83

84

89

95

98

100

အကြံပြုစာ/တိုင်ကြားစာ