ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ပြန်တမ်းများကို ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့်ထုတ်ဝေ ရေးဦးစီးဌာနက ထုတ်ဝေဖြန့်ချိလျက်ရှိရာ ၂၀၂၂ ခုနှစ်၊ မတ်လ (၂၅) ရက်ထုတ် အတွဲ (၇၅) ၊ အမှတ် (၁၂) ပြန်တမ်းစာစောင်ကို စာပေဗိမာန်စာအုပ် အရောင်းဆိုင်များမှတဆင့် စတင်ဖြန့်ချိ ရောင်းချလျက်ရှိပြီ ဖြစ်ပါသည်။ ယခုတစ်ပတ်ထုတ် မြန်မာနိုင်ငံတော်ပြန်တမ်းတွင် အပိုင်း (၁)၊ အပိုင်း (၂) နှင့် အပိုင်း (၄) တို့ ပါရှိပါသည်။
အပိုင်း (၁) တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ်၊ အမျိုးသားသဘာဝ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ အမိန့်ကြော်ငြာစာ၊ ပြည်ထဲရေးဝန်ကြီးဌာန အမိန့်ကြော်ငြာစာ၊ နိုင်ငံခြားရေးဝန်ကြီးဌာန နယ်စပ်ရေးရာဝန်ကြီးဌာန (ဝန်ကြီးရုံး) အမိန့်ကြော်ငြာစာ၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန (ဝန်ကြီးရုံး) အမိန့်ကြော်ငြာစာ၊ မြန်မာနိုင်ငံအမျိုးသားဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ် ထိန်းသိမ်းမြှင့်တင်ရေးကော်မတီ အမိန့်ကြော်ငြာစာ၊ ဆောက်လုပ်ရေးဝန်ကြီးဌာန အမိန့်ကြော်ငြာစာ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ အမိန့်ကြော်ငြာစာ၊
အပိုင်း (၂) တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံး အမိန့်ကြော်ငြာစာ၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး အမိန့်ကြော်ငြာစာ၊
အပိုင်း (၄) ARTISAN CONCEPTS LIMITED မြန်မာနိုင်ငံကုမ္ပဏီများဥပဒေနှင့် လူမွဲခံယူခြင်းဆိုင်ရာဥပဒေအရ အစုရှယ်ယာရှင်များ ဆန္ဒအလျောက် ကုမ္ပဏီအားစာရင်းရှင်းလင်းဖျက်သိမ်းရန်ကြေညာခြင်း၊ မြန်မာနိုင်ငံကုမွဏီများဥပဒေပုဒ်မ ၃၅၇ အရ စာရင်းရှင်းလင်းဖျက်သိမ်းရေးဆိုင်ရာ အပြီးသတ်အထွေထွေအစည်းအဝေး တက်ရောက်ရန် အကြောင်းကြားစာ ပရို ၁ ကုမ္ပဏီလီမိတက် (PRO 1 COMPANY LIMITED) နှင့် ရွိုင်ရယ်ဝိစာရ ကုမ္ပဏီလီမိတက် (ROYAL WISARA COMPANY LIMITED) တို့၏ (အစုရှင်များ၏ ဆန္ဒအလျောက်စာရင်းရှင်းလင်းဖျက်သိမ်းခြင်း)၊ SINH NAM METAL (MYANMAR) CO., LTD ကုမ္ပဏီတရားဝင်ဖျက်သိမ်းခြင်း၊ YGN KINNAYA COMPANY LIMITED Notice of Special Resolution For Members’ Voluntary Winding-up (Pursuant to Insolvency Law and Myanmar Companies Law)၊ Thuriya Strength Agency Co.,Ltd မြန်မာနိုင်ငံကုမ္ပဏီများ ဥပဒေပုဒ်မ ၃၅၇ အရ အပြီးသတ်ကုမ္ပဏီစာရင်းရှင်းလင်းဖျက်သိမ်းမည်ဖြစ်ကြောင်းကြေညာချက်၊ MEIA FURNISHINGS (MYANMAR) Co.,Ltd ကုမ္ပဏီကို ဆန္ဒအလျောက်ဖျက်သိမ်းကြောင်းကြေညာခြင်း၊ SMIRENTAL SERVICES MM LIMITED Notice of Special Resolution For Members’ Voluntary Winding-up (Pursuant to Insolvency Law and Myanmar Companies Law)၊ စနိုး ဗစ်လစ်ဂျ် မန္တလေး ကုမ္ပဏီလီမိတက် (Snow Village Mandalay Co.,Ltd) အစုရှင်များ၏ ဆန္ဒအရ စာရင်းရှင်းလင်းပိတ်သိမ်းခြင်း၊ CLAIM NOTICE United Beauty Palace Myanmar Company Limited (တရားရုံးအမိန့်အရ စာရင်းရှင်းလင်း ဖျက်သိမ်းခြင်း) ရရန်ရှိက တောင်းဆိုရန်အသိပေးကြေညာချက် (မြန်မာနိုင်ငံကုပ္ပဏီနည်းဥပဒေ ၁၁၃) တို့ ပါဝင်ပါသည်။
ယခုအပတ်ထုတ် ပြန်တမ်းစာစောင်ကို စက္ကူဖြူချောဖြင့် ရိုက်နှိပ်ထုတ်ဝေပြီး ရောင်းစျေးမှာ တစ်စောင်လျှင် ၄၅၀ ကျပ် ဖြစ်သည်။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ပြန်တမ်းကို အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်း၊ စာပေဗိမာန် စာအုပ်အရောင်းဆိုင် (ဖုန်း ၀၁- ၈၂၄၉၀၃၁ နှင့် ၀၁-၈၃၈၁၄၄၈) နှင့် အမှတ် - တ (၅၅)၊ သပြေကုန်းစျေး၊ နေပြည်တော်ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၆၇-၃၄၁၄၆၈၁) တို့တွင် ဖြန့်ချိရောင်းချလျက် ရှိပါသည်။ တစ်နှစ်စာ ကြိုတင်ငွေ ပေးသွင်း၍ ဝယ်ယူလိုပါက ရန်ကုန်မြို့ အမှတ် ၂၂၈၊ သိမ်ဖြူလမ်းရှိ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန (ရန်ကုန်ရုံးခွဲ)၊ ဖုန်း ဝ၁- ၂၅၁၈၉၂၊ ဝ၁-၂၅၁၉၉၅ တို့သို့ ဆက်သွယ် စုံစမ်းနိုင်ပါသည်။