၂၀၂၁ ခုနှစ်အတွက် စာပေဗိမာန်စာမူဆု အဖွဲ့ငယ် (ပဏာမအဆင့်) အစည်းအဝေး ကျင်းပ

၂ဝ၂၁ ခုနှစ် စာပေဗိမာန်စာမူဆုများ ရွေးချယ်ချီးမြှင့်နိုင်ရန်အတွက် စိစစ် ရွေးချယ်ခြင်းများ ဆောင်ရွက်လျက်ရှိရာ သက်ဆိုင်ရာဘာသာရပ်ဆိုင်ရာအဖွဲ့ငယ် (ပဏာမအဆင့်) အစည်းအဝေးကို ၂ဝ၂၂ ခုနှစ် မေလ ၁၈ ရက် နံနက် ၁၀ : ၃၀ နာရီက ရန်ကုန်မြို့  ကုန်သည်လမ်းရှိ စာပေဗိမာန်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

သက်ဆိုင်ရာဘာသာရပ် အဖွဲ့ငယ် ပဏာမအဆင့် အစည်းအဝေးသို့ ဦးစိန်လှိုင် (သူရဇော်)၊ ဦးရွှေမင်း (မင်းရွှေမင်း-အင်းစိန်)၊ ဦးညွန့်ဟံ (ညွန့်ဟံ-ကြူတော)၊ ဦးတိုးကျော်တို့ တက်ရောက်ခဲ့ကြသည်။

အစည်းအဝေးတွင် ၂ဝ၂၁ ခုနှစ်အတွက် စာပေဗိမာန်စာမူဆုပြိုင်ပွဲသို့ ပေးပို့ယှဉ်ပြိုင်ထားသည့် ဘာသာရပ်ဆိုင်ရာစာမူများ ပဏာမအဆင့် ရွေးချယ်ထားမှု အခြေအနေကို စိစစ်ရွေးချယ်ရေး အဖွဲ့ဝင်များက ဆွေးနွေးကြကြောင်း သိရသည်။

1-121
 

280

အကြံပြုစာ/တိုင်ကြားစာ