“ချစ်စုအောင်” ရေးသားသည့် “မုဒိတာရင်ခွင် ကဗျာများ” စာအုပ်သစ်ကို စာပေဗိမာန်က ထုတ်ဝေဖြန့်ချိ

“ချစ်စုအောင်” ရေးသားသည့် “မုဒိတာရင်ခွင် ကဗျာများ” စာအုပ်သစ်ကို စာပေဗိမာန်က ထုတ်ဝေဖြန့်ချိ လိုက်ပြီဖြစ်ပါသည်။

အဆိုပါစာအုပ်သည် စာပေဗိမာန်စာမူဆုပြိုင်ပွဲတွင် ကဗျာပေါင်းချုပ် ဒုတိယဆုရစာမူဖြစ်ပြီး စာပေဗိမာန်က ပြည်သူ့လက်စွဲစာစဉ်အဖြစ် ထုတ်ဝေဖြန့်ချိလိုက်ခြင်း ဖြစ်သည်။

“မုဒိတာရင်ခွင် ကဗျာများ” စာအုပ်သည် ကဗျာရေးသူသည် အကြောင်းအရာအပိုင်း၌ ဘဝထဲက အတွေ့အကြုံများ၊ ဓမ္မနှင့်စာပေထဲက အလေ့အထုံများဖြင့် လေးနက်ကျယ်ပြန့်စွာ ကွန်ရက်ဖွဲ့ထားသည်ကို တွေ့ရသည်။ ကဗျာအများစုကို လေးလုံးစပ်လင်္ကာကဗျာဟန်ဖြင့် အဓိကအခြေခံ ရေးဖွဲ့သော်လည်း အချိုးတွဲ၊ လေးချိုး၊ အိုင်ချင်း၊ ကာချင်း၊ တျာချင်း၊ နွယ်သာကီသံပြတ်၊ တေးထပ်စသည့် ဂန္ထဝင်ဟန်ပုံသဏ္ဌာန်၊ မှန်ကန်သည့် စပ်ထုံးဖွဲ့နည်းများတို့ဖြင့်လည်း ရေးဖွဲ့ထားရာ မြန်မာကဗျာ ရိုးရာရေးနည်းဟန်မူများဖြင့်လည်း စုံလင်စွာတွေ့ရသည့်အပြင် အကြောင်းအရာနှင့် လိုက်ဖက်သော ပုံသဏ္ဌာန်ရေးဟန်များဖြင့်လည်း ရေးဖွဲ့ထားသည့်စာအုပ်ဖြစ်သည်။ ကဗျာချစ်သူ၊ စာဖတ်သူတို့ကို ကောင်းမွန်သည့်ပတ်ဝန်းကျင်နှင့် လူသားဆန်သည့် ရုပ်အမူအရာ၊ စိတ်အမူအရာများ ပေးစွမ်းနိုင်သည့် ကဗျာစာအုပ်ကောင်းတစ်အုပ် ဖြစ်ပေသည်။

အဆိုပါစာအုပ်ကို ရောင်းစျေး (၂၅၀၀) ကျပ်ဖြင့် အမှတ် ၅၂၉ - ၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန် စာအုပ်ဆိုင် (ဖုန်း ၀၁-၈၂၄၉၀၃၁၊ ၀၁-၈၃၈၁၄၄၈)၊ အမှတ် (တ- ၅၅)၊ သပြေကုန်းစျေး၊ နေပြည်တော်ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၆၇-၃၄၁၄၆၈၁)၊ ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်း ကြား၊ မန္တလေးမြို့ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၂-၄၀၃၀၁၈၆) နှင့် အမြို့မြို့ရှိ စာပေဗိမာန် ကိုယ်စားလှယ်များထံတွင် ဆက်သွယ်ဝယ်ယူနိုင်ကြောင်းနှင့် လက်ကားမှာယူလိုပါက အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန်၊ အရောင်းဌာန (ဖုန်း ၀၁-၈၂၄၉၀၃၁၊ ၀၁-၈၃၈၁၄၄၈) သို့ ဆက်သွယ်နိုင်ကြောင်း သတင်းရရှိသည်။
 

အကြံပြုစာ/တိုင်ကြားစာ