ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံး၊ စာဆိုဗိမာန် တည်ဆောက်ရေးအကြံပြုအဖွဲ့နှင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံး၊ စာဆိုဗိမာန် တည်ဆောက်ရေးအကြံပြုအဖွဲ့နှင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို (၅-၇-၂၀၂၂) ရက်၊ နေ့လယ် (၂း၀၀) နာရီတွင် စာပေဗိမာန်အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပါသည်။

အခမ်းအနားသို့ စာပေဗိမာန်၊ စာတည်းမှူးချုပ် ဦးတိုးကျော်၊ အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေး ကော်မတီဥက္ကဋ္ဌ ဆရာကြီး ဦးမောင်မောင်လတ် (နောင်)၊ ဒုတိယဥက္ကဋ္ဌ ဆရာကြီး ဦးစိန်လှိုင် (သူရဇော်)၊ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဥက္ကဋ္ဌ ဦးအုန်းမောင် (မြင်းမူမောင်နိုင်မိုး)၊ ဆရာကြီး ဒေါက်တာမျိုးသန့်တင်၊ ဦးမောင်မောင်ဦး (ဟိန်းလတ်)၊ ဆရာဦးကြည်ဝင်း (လောကအမွန်)၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ ဒေါ်ဥမ္မာအောင် (ညွှန်ကြားရေးမှူး)၊ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းများနှင့် ပြင်ပအင်ဂျင်နီယာပညာရှင်တို့ တက်ရောက်ကြသည်။

အဆိုပါ အခမ်းအနားတွင် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဥက္ကဋ္ဌ ဦးအုန်းမောင် (မြင်းမူမောင်နိုင်မိုး)က နှုတ်ခွန်းဆက်အမှာစကားပြောကြားပြီး စာပေဗိမာန်၊ စာတည်းမှူးချုပ် ဦးတိုးကျော်က စာဆိုဗိမာန် နှင့်ပတ်သက်၍ လက်ရှိလုပ်ငန်းဆောင်ရွက်ထားရှိမှုအခြေအနေ၊ ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်ချက်အပေါ် အသိပေးဆွေးနွေးခြင်းနှင့် စာဆိုဗိမာန် အဆောက်အဦ၏ လျာထားမှုအပေါ် ရှင်းလင်း ပြသရာ တက်ရောက်လာကြသော အကြံပြုအဖွဲ့ ပညာရှင်တို့က ဘက်ပေါင်းစုံမှ အပြုသဘောဆောင် အမြင်အမျိုးမျိုးတို့ဖြင့် အကြံပြုဆွေးနွေးခဲ့ကြပါသည်။ 

ယင်းနောက် ဆရာကြီး ဦးမောင်မောင်လတ် (နောင်) က နိဂုံးချုပ်စကား ပြောကြားကာ အစည်းအဝေးကို နေ့လယ် (၃း၃၀) နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။

1-14
 

2-11

4-27

8-5

8-6

10-2

အကြံပြုစာ/တိုင်ကြားစာ