၁၉၇၃ ခုနှစ်၊ ဇူလိုင်လမှ စတင်ထုတ်ဝေခဲ့ပြီး နှစ်ပေါင်း ၅ဝ ကျော် စာချစ်သူများ လက်ခံအားပေးလာခဲ့သော စာပေဗိမာန်ထုတ် သုတပဒေသာစာစောင်ကို ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလမှစ၍ သုတပဒေသာနှင့် လူငယ်ရေးရာစာစောင်ဟု အမည်ပြောင်းလဲကာ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ၊ အတွဲ (၅၁)၊ အမှတ် (၇) ကို ထုတ်ဝေလိုက်ပြီ ဖြစ်ပါသည်။ စာစောင်ကို အမည်ပြောင်းလိုက်သလို အတွင်းပိုင်းတွင်ပါဝင်သော စာမူ များကိုလည်း အပိုင်းခွဲ၍ ဖော်ပြထားပါသည်။
လူငယ်များအတွက် အဓိကဦးတည်သော သုတပဒေသာနှင့် လူငယ်ရေးရာစာစောင်၏ မျက်နှာဖုံးဆောင်းပါးကဏ္ဍမှာ “တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေး” ဖြစ်ပါသည်။ မျက်နှာဖုံးဆောင်းပါးကဏ္ဍတွင် နိုင်ငံတစ်နိုင်ငံ သာယာဖွံ့ဖြိုးစေရေးနှင့် စားနပ်ရိက္ခာဖူလုံစေရေး၊တိုင်းပြည်သာယာ ဝပြောရေးနှင့် စားနပ်ရိက္ခာဖူလုံရေး ဝိုင်းဝန်းကြိုးစားပေး၊ တိုင်းနိုင်ငံဖွံ့ဖြိုးရေးနှင့် စားရေရိက္ခာ ဖူလုံရေး၊ လူငယ်ရေးရာကဏ္ဍတွင် ဇိမ်ခံသောက်ရေသန့်၊ ဘောလုံးပစ်ပေါက်ခြင်း အနုပညာ၊ မပြောဖြစ်လိုက်တဲ့ စကားတွေ၊ သမိုင်းကြောင်းနှင့် သူရဲကောင်း၊ ယနေ့လူငယ်များနှင့် ကျေးဇူးတင်ပါတယ်ဆိုသော ကျေးဇူးတင်စကား၊ ထူးထူးခြားခြား စားသောက်ဆိုင်ကလေး၊ စာချစ်သူများအတွက် ကမ်းလက်တစ်စုံ၊ လူငယ်များနှင့် ပြည်သူ့အကျိုးပြုလုပ်ငန်း၊ ရေအသက် တစ်မနက်၊ ထမင်းအသက် ခုနစ်ရက်၊ ပညာ အသက် ဘဝတစ်သက်၊ ယနေ့တိုင် မမေ့နိုင်သော မြန်မာ့အားကစားလောက ရွှေခေတ်၊ ကဗျာကဏ္ဍတွင် မိုးဆွေငှက်ငယ်သို့၊ မူးယစ်ဆေးဝါးဆိုင်ရာကဏ္ဍတွင် ဆေးဝါးမူးယစ် တားမြစ်ကြစို့၊ နိုင်ငံတကာဆိုင်ရာ ကဏ္ဍတွင် ကမ္ဘာ့အခမ်းအနားဆုံးသော မော်တော်ကားပြပွဲကြီး အပိုင်း(၄)၊ သက်ကြီးရွယ်အို ရာဇဝတ်မှု၊ သဘာဝပတ်ဝန်းကျင် ရှုထောင့်ဆိုင်ရာကဏ္ဍတွင် ညစ်ညမ်းသည့်အလင်း၊ ရတနာသစ်ပင် တိုးချစ်ခင်စို့၊ ရေပြဿနာများကို ကြိုတင်ကာကွယ်ခြင်း၊ အမုန်းစကားဆိုင်ရာကဏ္ဍတွင် အမုန်းစကားရှောင် အပြုံးများ ဆောင်၊ ဥမကွဲ သိုက်မပျက် ရှေ့သို့ဆက်၊ စီးပွားရေးဆိုင်ရာကဏ္ဍတွင် အိန္ဒိယရဲ့စီးပွားရေး ဘယ်လောက် ခိုင်မာသလဲ၊ ဘိုင်ဒင်နောမစ်၊ ရေဂင်နောမစ်၊ ကျန်းမာရေးဆိုင်ရာကဏ္ဍတွင် ဆန်းသစ်ဖွေရှာ ဆေးပညာ (၂၇၁)၊ အိပ်မက်များနှင့်အတူ အိပ်စက်အနားယူခြင်း၊ ဖြစ်ရပ်မှန်ကဏ္ဍတွင် ကံကြမ္မာ ဖန်လာပုံရယ်က၊ အဏုမြူဗုံးဒဏ် ကိုယ်တွေ့ခံရစဉ်က၊ ဝတ္ထုတိုကဏ္ဍတွင် အချစ်ပျောက်ဆုံးခြင်း၊ အထွေထွေကဏ္ဍတွင် ရိုးရာဓလေ့ မမေ့အစဉ် ပင်လယ်ပျော်တွေ၊ ဟာသ စသည်ဖြင့် ကဏ္ဍမျိုးစုံ ဆောင်းပါးများ ပါဝင်ပါသည်။
သုတပဒေသာနှင့် လူငယ်ရေးရာစာစောင်ကို တစ်အုပ်လျှင် ၂၅ဝဝ ကျပ်နှုန်းဖြင့် စာပေဗိမာန် စာအုပ်ဆိုင်၊ အမှတ် (တ-၅၅)၊ သပြေကုန်းစျေး၊ နေပြည်တော်စာအုပ်ဆိုင်၊ ဖုန်း ၀၉-၄၄၉၅၄၀၆၆၇၊ ဖုန်း ဝ၆၇-၃၄၁၄၆၈၁၊ စာပေဗိမာန် စာအုပ်ဆိုင်၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ ဖုန်း ဝ၁-၈၂၄၉ဝ၃၁၊ ၀၁-၈၃၈၁၄၄၈၊ စာပေဗိမာန် စာအုပ်ဆိုင်၊ ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်းကြား၊ မန္တလေး၊ ဖုန်း ဝ၂-၄၀၃ဝ၁၈၆၊ ရန်ကုန်မြို့ရှိ စာအုပ်ဆိုင်ကြီးများတွင် ဝယ်ယူရရှိနိုင်ပြီး လက်ကားမှာယူလိုပါက စာပေဗိမာန်စာအုပ်ဆိုင် အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ ဖုန်း ဝ၁-၈၂၄၉ဝ၃၁၊ ၀၁-၈၃၈၁၄၄၈ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။