၁၅ - ၂ - ၂၀၂၅ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၇)၊ အမှတ် (၇) ထွက်ရှိ

ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ်နှင့် အောက်ကလေးငယ်များ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၅ ရက် (စနေနေ့)တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ (၅၇)၊ အမှတ်(၇)၌  သစ်ပင်များ စိမ်းလန်းသာယာသော သစ်တောထဲသို့ ပေါက်ဖတ်များ ရောက်ရှိလာကာ သစ်ရွက်သစ်ညွန့်များအား ဖျက်ဆီးပစ်သည်ကို စုပေါင်းနှိမ်နင်းလိုက်သောကြောင့် သစ်တော ပြန်လည် စိမ်းလန်းသာယာလာသည်ကို  သရုပ်ဖော်ထားသည့် “ကမ္ဘာဦးသစ်ပင်” မျက်နှာဖုံးဇာတ်လမ်း၊ တပို့တွဲလ တွင် ထမနဲများထိုး၍ သဒ္ဓါတရားထက်သန်စွာ အလှူပြုကြပုံကို သရုပ်ဖော်ထားသည့် “တပို့တွဲလ ထမနဲပွဲ” နှစ်မျက်နှာကာတွန်း၊ မိခင်စကားကို နားမထောင်မိ၍ ဒုက္ခနှင့်ကြုံတွေ့ခဲ့ရသည့် မြွေလေးအကြောင်းကို သရုပ်ဖော်ထားသည့် “မေမေ့စကား” နှစ်မျက်နှာကာတွန်း၊ သူတစ်ပါးကို ကူညီချင်စိတ်ကြောင့် ကစားရန် နေရာရရုံသာမက စားစရာမုန့်ပဲသရေစာများပါ ရရှိခဲ့ကြသော ဖြိုးရဲတို့သူငယ်ချင်းတစ်စုအကြောင်းကို  သရုပ်ဖော်ထားသည့်  “ဖြိုးရဲပါဝင်သည့် ဘယ်မှာကစားရမလဲ” နှစ်မျက်နှာကာတွန်း၊ ဂျူဒိုသင်တန်း တက်ကာ နေရာတိုင်းတွင် ကစားပြနေ၍ ခွေးလိုက်ခံရကာ ပြေးခဲ့ရသော လူငယ်လေးတစ်ယောက် အကြောင်းကို သရုပ်ဖော်ထားသည့် “မာရသွန်”  တစ်မျက်နှာကာတွန်းနှင့် ကစားချိန်တွင် ကစား၍ မိဘကို ကူညီချိန်တွင် ကူညီပြီး မိမိ၏အိမ်စာများကိုလည်း အချိန်မှန်မှန် ပြုလုပ်လေ့ရှိသော ဖိုးတစ်တိုအကြောင်း ကို သရုပ်ဖော်ထားသည့် “ဖိုးတစ်တို” မျက်နှာဝက်ကာတွန်းတို့ ပါဝင်ပါသည်။

 ရေဖျဉ်းစွဲခြင်းလက္ခဏာများနှင့်အတူ ထမင်းစားပြီး ရေချိုးခြင်းနှင့် ရေဖျဉ်းစွဲခြင်းတို့ ဆက်စပ်မှု မရှိကြောင်းကို ဗဟုသုတဖြစ်ဖွယ် ရေးသားထားသည့် “ထမင်းစားပြီး ရေချိုးခြင်းနှင့် ရေဖျဉ်းစွဲခြင်း” သုတဆောင်းပါး၊ မိမိသင်ယူမည့် မည်သည့်ပညာရပ်ကိုမဆို တလေးတစားဖြင့် အရေးထားကြိုးစား အားထုတ်နိုင်မှသာ ကြီးပွားတိုးတက်မည်ဖြစ်ကြောင်း ရေးဖွဲ့ထားသည့် “အတတ်ပညာ” ပုံပြင်နှင့် ကလေး များကစားရာ၌ စည်းကမ်းတကျ အချိန်သတ်မှတ်၍ ကစားရန်နှင့် မိဘများ၏ ဆုံးမစကားကို လိုက်နာသင့်ကြောင်း ရေးဖွဲ့ထားသည့်  “တစ်ကြောင်းတည်းသော  စည်း” ဝတ္ထုတို့ ပါဝင်ပါသည်။ ထို့ပြင် ကလေးတို့ပေးပို့သော ပန်းချီလက်ရာများကို ဖော်ပြထားသည့် “ရွှေသွေးတို့ လက်ရာ” ကဏ္ဍနှင့် ပေးထားသော ရုပ်ပုံလေးကို ကလေးတို့စိတ်ကြိုက် အရောင်များဖြင့် ခြယ်သနိုင်မည့် “ဆေးရောင် လှလှခြယ်ကြရအောင်” ကဏ္ဍတို့ ပါဝင်ပါသည်။ အင်္ဂလိပ်စာကို လေ့လာရာ၌ အသုံးဝင်သည့် နေ့စဉ်သုံး စကားအသုံးအနှုန်းများထဲမှ ထူးခြားအဓိပ္ပာယ်ထွက်သည့် စကားစုအချို့အကြောင်းကို ရေးသားထားသည့် “Useful Everyday Idioms” အင်္ဂလိပ်စာသင်ခန်းစာကဏ္ဍတို့ ပါဝင်ပါသည်။

ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၄၀၀ ကျပ်နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့။ ဖုန်း- ၀၁-၃၈၁၄၄၈၊ ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။
 

အကြံပြုစာ/တိုင်ကြားစာ