ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၏ (၅၃) နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အလှူတော်မင်္ဂလာအခမ်းအနားကို ၂၀၂၅ ခုနှစ်၊ မတ်လ (၁၆) ရက်တွင် ရန်ကုန်မြို့၊ သိမ်ဖြူလမ်းရှိ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၌ ကျင်းပပြုလုပ်ခဲ့သည်။ အခမ်းအနားကို အစီအစဉ် (၅) ရပ်ဖြင့် ကျင်းပခဲ့ပြီး နမောတဿ (၃) ကြိမ် ရွတ်ဆိုကာ အခမ်းအနားကို ဖွင့်လှစ်ခဲ့သည်။ ထို့နောက် ကြွရောက်လာကြသည့် ဧည့်ပရိသတ်များက နမောတဿ (၃) ကြိမ် ရွတ်ဆိုပြီး သံဃာတော်အရှင်သူမြတ်တို့မှ တရားအနုမောဓနာ ချီးမြှင့်တော်မူသည်။ ထို့နောက် ဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များက သံဃာတော်များအား ဝတ္ထုငွေနှင့် သင်္ကန်းများ ဆက်ကပ်လှူဒါန်းပြီး ဗုဒ္ဓသာသနံ စိရံတိဿတု (၃) ကြိမ် ရွတ်ဆို၍ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။