၂၂-၃-၂၀၂၅ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၇)၊ အမှတ် (၁၂)ထွက်ရှိ

ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ်အောက် ကလေးငယ်များ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၂၅ ခုနှစ်၊ မတ်လ ၂၂ ရက် (စနေနေ့)တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ (၅၇)၊ အမှတ် (၁၂)၌     နာရီလက်တံ‌လေးများသည် သူတို့ ရပ်နားလိုက်ပြီးမှ မှားမှန်းသိသွားကာ ယခင်ကလို ပုံမှန်လည်ပတ်နေခြင်းကသာ ပိုကောင်းသည်ဆိုသည့်အကြောင်းကို သရုပ်ဖော်ထားသည့် “နာရီလက်တံ လေးများ” မျက်နှာဖုံးကာတွန်း၊ ဆရာမက သူတစ်ပါးကို ထိခိုက်မည့် အပြုအမူများ ပြုလုပ်မိလျှင် မိမိပါ ဒုက္ခရောက်တတ်ကြောင်းကို တပည့်များအား ပြောပြထားသည့်အကြောင်း သရုပ်ဖော်ထားသည့် “ဇီးကွက် နှင့် နှံကောင်” နှစ်မျက်နှာကာတွန်း၊ ငါးမျှားရာမှ ငါးမရဘဲ ခေါင်းဖုသွားသည့်အကြောင်းကို သရုပ်ဖော် ထားသည့် “အတူတူပဲ” တစ်မျက်နှာကာတွန်း၊ ကစားမက်သော ဖိုးဇော်သည် မေမေဝယ်ခိုင်းသော သင်္ဘောသီးကို ကိုယ်တိုင်မဝယ်ဘဲ သူငယ်ချင်း၏ ညီလေးကို ဝယ်ခိုင်းလိုက်မိရာမှ လွဲမှားသွားသည့် အကြောင်း သရုပ်ဖော်ထားသည့် “မြည်းကြည့်ပြီးမှ” နှစ်မျက်နှာကာတွန်း၊ သူဌေးကြီးဦးဘောဂရိုးသည် ချမ်းသာသော်လည်း စေတနာနည်းသောကြောင့် ဘေးအန္တရာယ်နှင့် ကြုံတွေ့သည့်အခါ အကူအညီ မရရှိခဲ့သည့်အကြောင်း “တွန့်တိုတဲ့ သူဌေးကြီး” နှစ်မျက်နှာကာတွန်းနှင့် ပုတုအိမ်သို့ စာသွားကျက်မည့် ဖိုးတစ်တို၏ အကြံအစည် ပျက်သွားသည့်အကြောင်း သရုပ်ဖော်ထားသည့် “ဖိုးတစ်တို” မျက်နှာဝက် ကာတွန်းတို့ကို တင်ဆက်ထားပါသည်။ 

သုတကဏ္ဍအနေဖြင့် ကလေးတို့ ဗဟုသုတဖြစ်စေမည့် နေအကြောင်းကို ရေးသားထားသည့် “နေလုံးကြီး” အကြောင်း ဗဟုသုတဖြစ်ဖွယ် ဖတ်ရှုရမည်ဖြစ်ပါသည်။ ဝတ္ထုကဏ္ဍတွင် ဘိလပ်မြေ ထုတ်လုပ်မှုအကြောင်းကို အဖေနှင့် အစ်ကိုကြီးတို့ဆီမှ သိရှိရ၍ ဝမ်းသာပီတိဖြစ်ရသည့် ကျောင်းသား လေးတစ်ယောက်အကြာင်းကို ရေးသားထားသည့် “အစ်ကိုကြီး၏ လေ့လာရေးခရီး” အကြောင်း တင်ဆက်ထားပါသည်။ ပုံပြင်ကဏ္ဍအနေဖြင့် သူ၏ အသက်ကို ကယ်တင်ပေးခဲ့သော တိရစ္ဆာန်များ အားလုံးအပေါ် ယခင်လို မဆိုးသွမ်းတော့ဘဲ ချစ်ခင်စွာ နေထိုင်သွားတော့မည့် ကျားဆိုးအကြောင်းကို ရေးသားထားသည့် “ကျားဆိုး” အကြောင်း ဖတ်ရှုရမည် ဖြစ်ပါသည်။ ထို့ပြင် ရွှေသွေးတို့ကိုယ်တိုင် ပါဝင် ဆောင်ရွက်ရမည့် ဉာဏ်စမ်းကဏ္ဍနှင့် ဖက်ဆစ်တို့ကို အသက်၊ သွေးနှင့် ရင်းပြီး တွန်းလှန်ခဲ့သည့် တပ်မတော်သားများကို ဂုဏ်ပြုရေးဖွဲ့ထားသည့် “တပေါင်းမော်ကွန်း” ကဗျာကဏ္ဍတို့ကိုလည်း တင်ဆက် ထားပါသည်။ အင်္ဂလိပ်စာကဏ္ဍအနေဖြင့် လူနေတိုက်ခန်းများမှာ အိမ်မွေးတိရစ္ဆာန်မွေးတာကို ခွင့်ပြု မပြုနှင့် ပတ်သက်၍ ပြောဆိုသည့်အကြောင်း ရေးသားထားသည့်  “ရွှေသွေးစကားဝိုင်း” အင်္ဂလိပ်စာကဏ္ဍ တို့ကို ကလေးတို့ လေ့လာမှတ်သားနိုင်မည်ဖြစ်ပါသည်။

ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၄၀၀ ကျပ် နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့။ ဖုန်း ၀၁-၃၈၁၄၄၈၊ ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။
 

အကြံပြုစာ/တိုင်ကြားစာ