အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆု စိစစ်ရွေးချယ်ရေးအဖွဲ့ဝင်များ တွေ့ဆုံပွဲအစည်းအဝေး ကျင်းပ

ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် အမျိုးသားစာပေဆု၊ စာပေဗိမာန်စာမူဆု စိစစ်ရွေးချယ်ရေး အဖွဲ့ဝင်များနှင့်တွေ့ဆုံသည့်အစည်းအဝေးကို ၂၀၂၁ ခုနှစ်၊ ဇွန်လ ၉ ရက် နံနက် (၁၀:၀၀) နာရီတွင် သိမ်ဖြူလမ်းရှိ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပါသည်။

ယင်းတွေ့ဆုံပွဲအစည်းအဝေးသို့ အမျိုးသားစာပေဆု၊ စာပေဗိမာန်စာမူဆု စိစစ်ရွေးချယ်ရေးအဖွဲ့ဝင် ၂၉ ဦး တက်ရောက်ပြီး ၆ ဦး ခွင့်ပန်ခဲ့ပါသည်။

အစည်းအဝေးတွင် ပြန်ကြားရေဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက နှုတ်ခွန်းဆက်စကား ပြောကြားပါသည်။ ထို့နောက် ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က စာပေဆုကိစ္စများနှင့် ပတ်သက်၍ ဆောင်ရွက်ထားမှုအခြေအနေ တင်ပြခြင်း၊ အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေး ကော်မတီဥက္ကဋ္ဌ ဆရာကြီး ဦးမောင်မောင်လတ် (နောင်) က နှုတ်ခွန်းဆက်စကားပြောကြားခြင်း၊ စာပေဗိမာန်စာမူဆု စိစစ်ရွေးချယ်ရေး အဖွဲ့ဥက္ကဋ္ဌ ဆရာဦးအုန်းမောင် (မြင်းမူမောင်နိုင်မိုး) က နှုတ်ခွန်းဆက်စကား ပြောကြားခြင်း၊ အထွေထွေ ဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ကြပါသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားကာ အခမ်းအနားကို နံနက် (၁၁:၃၀) နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။

0450

0453

0455

0461

0465

0469

0481

0488

0496

အကြံပြုစာ/တိုင်ကြားစာ