တရားမဝင်ဂြိုဟ်တုရုပ်မြင်သံကြားဖမ်းစက်များ တပ်ဆင်အသုံးပြုကြည့်ရှုမှုများနှင့် ပတ်သက်၍ အသိပေးကြေညာခြင်း

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်နေစဉ် ကာလအတွင်း တရားမဝင်အဖွဲ့အစည်းနှင့် သတင်းဌာနအချို့သည် တရားမဝင်သောဂြိုဟ်တုစလောင်းများမှတစ်ဆင့် ရုပ်သံလိုင်းများတွင် နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေး၊ အများပြည်သူ အေးချမ်းသာယာရေးတို့ကို ထိခိုက်စေသော အကြောင်းအရာများနှင့် နိုင်ငံတော်အားသစ္စာဖောက်ဖျက် ပုန်ကန်မှု ကျူးလွန်နေသူများကို အားပေးကူညီရာရောက်သည့် အကြောင်းအရာများကို ထုတ်လွှင့်လျက်ရှိကြောင်း တွေ့ရှိရပါသည်။ 

ထိုတရားမဝင်ဂြိုဟ်တု ရုပ်မြင်သံကြားဖမ်းစက်များကို တပ်ဆင်အသုံးပြု ဖမ်းယူကြည့်ရှုမှုအား ပြုလုပ်ပါက အများပြည်သူ၏ကောင်းကျိုးကို ရည်ရွယ်ပြဋ္ဌာန်းခဲ့သော တည်ဆဲဥပဒေ၊ နည်းဥပဒေများအား မသိနားမလည်စွာ ကျုးလွန်ဖောက်ဖျက်ရာ ရောက်မိတတ်ပါသည်။

သို့ဖြစ်ပါ၍ ထောင်ဒဏ် ၁ နှစ်၊ ဒဏ်ငွေ ၅ သိန်း အစရှိသည့် ရုပ်မြင်သံကြားနှင့် ဗီဒီယိုဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်း သိရှိစေရန် စေတနာကောင်းဖြင့် ကြိုတင်အသိပေး ကြေညာအပ်ပါသည်။
 

အကြံပြုစာ/တိုင်ကြားစာ