ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ်အောက် ကလေးငယ်များ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့ တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၁၀ ရက် (စနေနေ့)တွင် ထွက်ရှိမည့် ရွှေသွေး ဂျာနယ် အတွဲ (၅၃)၊ အမှတ် (၂၈)၌ အောင်ဘုသည် မိသားစုအတွက် ထာဝရမိတ်ဆွေနှင့် အဖော်မွန်ကို ရွေးချယ်ပေးနိုင်ပုံအကြောင်း ရေးဖွဲ့ထားသည့် “ထာဝရအဖော်” မျက်နှာဖုံးကာတွန်း၊ ဖိုးသန့်လေးသည် သူ၏မိခင်ကို ပိုက်ဆံအိတ် များများဝယ်ရန် အကြံပေးပုံအကြောင်း ရေးဖွဲ့ထား သည့် “ဖိုးသန့်လေး”နှစ်မျက်နှာကာတွန်း၊ ယုန်နှင့် လိပ်တို့ စကိတ်စီးပြိုင်ကြရာ နောက်ဆုံးတွင် ဇွဲရှိ သော လိပ်ကသာ အနိုင်ရပြီး ပျင်းရိပြီး အချောင်အနိုင်လိုချင်သော ယုန်မှာ ပြိုင်ပွဲတွင် ရှုံးရပုံ အကြောင်း ရေးဖွဲ့ထားသည့် “ခေတ်သစ်ပုံပြင်”နှစ်မျက်နှာကာတွန်း၊ ဆွေမျိုးများအချင်းချင်း ချစ်ချစ် ခင်ခင်နေရမည်ဖြစ်ကြောင်း ဦးအော ဆုံးမနေပုံကို ဟာသဖြစ်ဖွယ်တင်ဆက်ထားသည့်“ရန်ပိုင်စိုး” နှစ်မျက်နှာကာတွန်း၊ ပန်းပုရုပ် ထုလုပ်နေသော ရွှေခြည်ဇာကို သရုပ်ဖော်ထားသည့် “ရွှေချည်ဇာနှင့် ပန်းပု” တစ်မျက်နှာကာတွန်းနှင့် သူခိုးသည် မည်ကဲ့သို့သောပုံစံဖြစ်သည်ကို သိချင်သော ကျောက်ပု အကြောင်းကို ဟာသဖြစ်ဖွယ် ရေးဖွဲ့ထားသည့် “ကျောက်ပု” မျက်နှာဝက်ကာတွန်းတို့ကို တင်ဆက် ထားပါသည်။
သုတကဏ္ဍတွင် အစားအသောက်များထဲတွင် အချိုမှုန့်ကို ပါဝင်ထည့်သုံးခြင်းကြောင့် ရရှိခံစားရနိုင်သော ကျန်းမာရေးဆိုးကျိုးများအကြောင်းကို တင်ဆက်ထားသည့် “အချို့မှုန့်အန္တရာယ် ရှောင်ကြမယ်” သုတဆောင်းပါးကို ဖတ်ရှုရမည်ဖြစ်သည်။ ဝတ္ထုကဏ္ဍတွင် စိတ်ကောင်းထားကာ လုပ်ဆောင်သောအရာတိုင်းသည် မြင့်မြတ်သော ဆောင်ရွက်ချက်များပင်ဖြစ်ကြောင်း ရေးဖွဲ့ထား သည့် “စိတ်ကောင်းထားက မြတ်လှသည်”ဝတ္ထုကဏ္ဍကို တင်ဆက်ထားပါသည်။ ပုံပြင်ကဏ္ဍ အနေဖြင့် မြင်းလေး “ယူနီကွန်း”ကို မြေပြင်က တစ်ဖဝါးမှ မခွာစေရန် ထိန်းသိမ်းကြတော့မည်ဟု ဆုံးဖြတ်ချက်ချလိုက်သော နတ်သမီးငယ်လေးနှစ်ဦးအကြောင်းကို ရေးဖွဲ့ထားသည့် “မြင်းဆိုးလေး ယူနီကွန်း” ပုံပြင်ကို ဖတ်ရှုရမည်ဖြစ်ပါသည်။ ထို့ပြင် ကလေးတို့ကိုယ်တိုင် ရေးဆွဲထားသည့် ကာတွန်းလက်ရာများကို တင်ဆက်ထားသည့် “ရွှေသွေးတို့လက်ရာ” ကဏ္ဍနှင့် ကလေးတို့ကိုယ်တိုင် ပါဝင်ဆောင်ရွက်ရမည့် ဆေးရာင်လှလှခြယ်ကြမယ် ဉာဏ်စမ်းကဏ္ဍတို့ကိုလည်း တင်ဆက်ထား ပါသည်။ ကဗျာကဏ္ဍတွင် တောင်သူဦးကြီးတို့၏ မိုးဦးချိန်ခါ လယ်ယာစိုက်ပျိုးရေးအတွက် ထွန်ရေးငင်ကြပုံ သဘာဝအလှကို ရေးဖွဲ့ထားသည့် “မိုးဦးအားမာန်” ကဗျာကို တင်ဆက်ထား ပါသည်။ အင်္ဂလိပ်စာကဏ္ဍအနေဖြင့် ကားမတော်တဆမှုဖြစ်ရခြင်းအကြောင်းနှင့် ဆရာဝန်နှင့် လူနာ တွေ့ဆုံပြီး ဆေးကုသရန် မေးမြန်းပြောဆိုခြင်းအကြောင်း အပြန်အလှန်ပြောထားသည့် သင်ခန်းစာ သစ်အချို့ကို ကလေးတို့ လေ့လာမှတ်သားနိုင်မည်ဖြစ်ပါသည်။
ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၃၀၀ ကျပ်နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့။ ဖုန်း ၀၁-၃၈၁၄၄၈၊ ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။