၁၉၇၃ ခုနှစ်၊ ဇူလိုင်လမှ စတင်ထုတ်ဝေခဲ့ပြီး နှစ်ပေါင်း ၄ဝ ကျော် စာချစ်သူများ လက်ခံ အားပေးလာခဲ့သော စာပေဗိမာန်ထုတ် သုတပဒေသာစာစောင် ၂၀၂၁ ခုနှစ်၊ ဩဂုတ်လ၊ အတွဲ ( ၄၈)၊ အမှတ်(၈) ကို ထုတ်ဝေလိုက်ပြီ ဖြစ်ပါသည်။
လူငယ်များအတွက် အဓိကဦးတည်သော သုတပဒေသာစာစောင်၏ မျက်နှာဖုံးဆောင်းပါး ကဏ္ဍမှာ ''မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်'' ဖြစ်ပါသည်။ မျက်နှာဖုံးဆောင်းပါးကဏ္ဍတွင် မူးယစ်ဆေးဝါးအန္တရာယ်၊ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်၊ မူးယစ်ဆေးဝါးသုံးစွဲမှု ကြိုတင်ကာကွယ်ရေး၊ လူငယ်များ မူးယစ်ဆေးဝါးအန္တရာယ်မှ ကင်းဝေးစေချင်၊ မူးယစ်ဆေးဝါး ပြဿနာ၊ ကဗျာကဏ္ဍတွင် ကညာပျိုအား သတိပေးချက်၊ အတွေးအခေါ်နှင့် တက်ကျမ်းဆိုင်ရာကဏ္ဍတွင် စောင့်မနေသင့်တာတွေ၊ သင့်စိတ်ကူးအိပ်မက်ကို အကောင်အထည်ဖော်ပါ၊ ကိုယ်ရည် ကိုယ်သွေး၊ အရှုံးကို စိတ်ကူးထဲတောင်မထည့်နဲ့၊ နိုင်ငံတကာဆိုင်ရာကဏ္ဍတွင် အငယ်လေးတို့ရွာ၊ ဥရောပတစ်လွှားမှ ထူးထွေဆန်းပြား ရိုးရာဓလေ့ပွဲများ၊ သိပ္ပံနှင့် နည်းပညာဆိုင်ရာကဏ္ဍတွင် ကမ္ဘာကို အန္တရာယ်ပြုနိုင်သည့် ဂြိဟ်သိမ်များ၊ သဘာ၀ပတ်ဝန်းကျင် ရှုထောင့်ဆိုင်ရာကဏ္ဍတွင် ကမ္ဘာဂြိုဟ်အတွက် ပုံစံတစ်မျိုး၊ အမုန်းစကားဆိုင်ရာကဏ္ဍတွင် အမုန်းစကားများ ကင်းဝေးရာဆီသို့၊ ကျန်းမာရေးဆိုင်ရာကဏ္ဍတွင် ဆန်းသစ်ဖွေရှာ ဆေးပညာ (၂၃၆)၊ အိပ်ရေးဝဝအိပ် အိပ်မက်လှလှ မက်စေဖို့၊ ရေသောက်ခြင်း၏ အကျိုးကျေးဇူးများ၊ အချိုမှုန့် ခေါ် ဟင်းချိုမှုန့်နှင့် ကျန်းမာရေး၊ ဖြစ်ရပ်မှန်ကဏ္ဍတွင် ငယ်ဘဝကတည်းက ဂီတပါရမီရှင်၊ နှင်းတောထဲမှ ခြေရာများ၊ သမုဒ္ဒရာအတွင်းမှ ထိတ်လန့်ဖွယ်၊ ဝတ္ထုတိုကဏ္ဍတွင် အရုပ်ရေးတဲ့ ကလေးငယ်၊ ချစ်ကြိုးတစ်မျှင် ငင်လေရာသို့၊ မစ္စစ်အာဒစ်၊ အထွေထွေကဏ္ဍတွင် ဖတ်သမျှ ဒဿန၊ စုပေါင်းညီညာ အောင်ကြောင်းဖြာနှင့် ဟာသ စသည်ဖြင့် ကဏ္ဍမျိုးစုံဆောင်းပါးများ ပါဝင်ပါသည်။
သုတပဒေသာစာစောင်ကို တစ်အုပ်လျှင် ၂၅ဝဝ ကျပ်နှုန်းဖြင့် စာပေဗိမာန် စာအုပ်ဆိုင်၊ အမှတ် (တ-၅၅)၊ သပြေကုန်းစျေး၊ နေပြည်တော်၊ ဖုန်း ဝ၆၇-၃၄၁၄၆၈၁၊ စာပေဗိမာန် စာအုပ်ဆိုင်၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ ဖုန်း-ဝ၁-၂၄၉ဝ၃၁၊ ၀၁- ၃၈၁၄၄၈၊ စာပေဗိမာန် စာအုပ်ဆိုင်၊ ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်းကြား၊ မန္တလေး၊ ဖုန်း ဝ၂- ၄၀၃ဝ၁၈၆၊ ရန်ကုန်မြို့ရှိ စာအုပ်ဆိုင်ကြီးများ၊ မန္တလေးမြို့ရှိ ထွန်းဦးစာပေ၊ နဂါးစာပေနှင့် မြို့အသီးသီးရှိ စာပေဗိမာန် ကိုယ်စားလှယ်များထံ ဝယ်ယူရရှိနိုင်ပြီး လက်ကားမှာယူလိုပါက စာပေဗိမာန်စာအုပ်ဆိုင် အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ ဖုန်း-ဝ၁-၂၄၉ဝ၃၁၊ ၀၁-၃၈၁၄၄၈ သို့ ဆက်သွယ် မှာယူနိုင်ပါသည်။