၂၀၂၀ ပြည့်နှစ်အတွက် အမျိုးသားစာပေဆု အဖွဲ့ငယ် (ကနဦးအတည်ပြုအဆင့်) အစည်းအဝေး ကျင်းပ

၂၀၂၀ ပြည့်နှစ်အတွက် အမျိုးသားစာပေဆုများ ရွေးချယ်ချီးမြှင့်နိုင်ရန် ကနဦးအတည်ပြုအဆင့် စိစစ် ရွေးချယ်ခြင်းလုပ်ငန်းများကို စတင်ဆောင်ရွက်နေပြီဖြစ်ရာ သက်ဆိုင်ရာဘာသာရပ်အလိုက် ကနဦးအတည်ပြုအဆင့် အစည်းအဝေးကို ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၁၅ ရက် နံနက် ၁၁ : ၀၀ နာရီက ရန်ကုန်မြို့၊  ကုန်သည်လမ်းရှိ စာပေဗိမာန်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အဆိုပါ အစည်းအဝေးသို့ သက်ဆိုင်ရာဘာသာရပ် စိစစ်ရွေးချယ်ရေးကော်မတီ အဖွဲ့ဝင်များ ဖြစ်ကြသည့် ဦးအုန်းမောင် (မြင်းမူမောင်နိုင်မိုး)၊ ဦးမျိုးထွန်း (မောင်စိမ်းနောင်-လယ်ဝေး)၊ ဦးတိုးကျော် (စာတည်းမှူးချုပ်) တို့ တက်ရောက်ခဲ့ကြပြီး ဦးဇော်မင်းဦး (ဇော်မင်းမင်းဦး) က ခွင့်ပန်ခဲ့သည်။

အစည်းအဝေးတွင် ပေးပို့လာသည့် ၂၀၂၀ ပြည့်နှစ်အတွင်း ထုတ်ဝေခဲ့သော သက်ဆိုင်ရာ ဘာသာရပ်ဆိုင်ရာ စာအုပ်များ ပဏာမအဆင့် စိစစ်ဖတ်ရှုနေမှု အခြေအနေကို တက်ရောက် လာသူများက ဆွေးနွေးကြကြောင်း သိရသည်။

၂၀၂၀ ပြည့်နှစ်အတွက် အမျိုးသားစာပေဆုများ စိစစ်ရွေးချယ်ရာတွင် ယခင်နှစ်ကကဲ့သို့ပင် အဆင့်ဆင့် စနစ်တကျ ရွေးချယ်သွားမည်ဟု သတင်းရရှိသည်။

1-70
241

 

အကြံပြုစာ/တိုင်ကြားစာ