၁၉၇၃ ခုနှစ်၊ ဇူလိုင်လမှ စတင်ထုတ်ဝေခဲ့ပြီး နှစ်ပေါင်း ၄ဝ ကျော် စာချစ်သူများ လက်ခံအားပေး လာခဲ့သော စာပေဗိမာန်ထုတ် သုတပဒေသာစာစောင် ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ၊ အတွဲ (၄၈)၊ အမှတ်(၁၀) ကို ထုတ်ဝေလိုက်ပြီ ဖြစ်ပါသည်။
လူငယ်များအတွက် အဓိကဦးတည်သော သုတပဒေသာစာစောင်၏ မျက်နှာဖုံးဆောင်းပါး ကဏ္ဍမှာ '' သိမှတ်စရာ ရှေးဦးသူနာပြုစုခြင်းပညာ'' ဖြစ်ပါသည်။ မျက်နှာဖုံးဆောင်းပါးကဏ္ဍတွင် သိမှတ်စရာ ရှေးဦးသူနာပြုစုခြင်း အနုပညာ၊ အခြေခံရှေးဦးသူနာပြုစုခြင်း၊ သိမှတ်စရာ ရှေးဦး သူနာပြုစုခြင်းပညာ၊ ကဗျာကဏ္ဍတွင် ဇာတိမြေ၊ အတွေးအခေါ်နှင့် တက်ကျမ်းဆိုင်ရာကဏ္ဍတွင် ပန်းတိုင်သို့ ငါးနှစ်ခရီး၊ အလုပ်ဖိစီးမှုဆိုင်ရာ အရင်းအမြစ်များ၊ အပြောင်းအလဲတစ်ခုကို ကြိုးစားပြီး လုပ်ကြည့်ပါ၊ နိုင်ငံတကာဆိုင်ရာကဏ္ဍတွင် လူ့အခွင့်အရေးမြှင့်တင်ရေးနှင့် ယနေ့ကမ္ဘာ၊ သေဆုံးခြင်း ကင်းရာ ဒေသများ၊ ပုရိသတို့ နေညိုချိန်လော၊ နောက်ပြောင်ကျီစယ်ခြင်း သမိုင်းကြောင်း၊ စီးပွားရေး ဆိုင်ရာကဏ္ဍတွင် စီးပွားရေးလုပ်ငန်း၏ အကျိုးအမြတ်ကို မြှင့်တင်ပါ၊ သိပ္ပံနှင့် နည်းပညာဆိုင်ရာ ကဏ္ဍတွင် လူ့ဦးနှောက်အပေါ် အာကာသဓာတ်ရောင်ခြည် သက်ရောက်မှုရှိ၊ လူကုန်ကူးမှုဆိုင်ရာ ကဏ္ဍတွင် သူ၏ အကောင်းဆုံးလက်နက်၊ ကျန်းမာရေးဆိုင်ရာကဏ္ဍတွင် ကိုဗစ်၏ သရုပ်သဏ္ဌာန်၊ ဆန်းသစ်ဖွေရှာ ဆေးပညာ (၂၃၈)၊ နှာခေါင်းစည်းနှင့် ကိုဗစ်-၁၉၊ နံနက်စာစားခြင်း၏ ကောင်းကျိုး များ၊ သဘာ၀ပတ်ဝန်းကျင် ရှုထောင့်ဆိုင်ရာကဏ္ဍတွင် အနာဂတ်ကာလအတွက် စားနပ်ရိက္ခာ ဖူလုံရေး၊ ရာသီဥတုပြောင်းလဲမှုနှင့် လေထုမှ ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့ ထုတ်ယူခြင်း၊ သဘာဝဘေးအန္တရာယ်ဆိုးများနှင့် ကျန်းမာရေး၊ ဖြစ်ရပ်မှန်ကဏ္ဍတွင် ဖေဖေ့အတွက် နံနက်စာ၊ ကမ္ဘာမြေ သမိုင်းတစ်လျှောက် ဖြစ်ပျက်ခဲ့ပြီးသည့် ကပ်ဘေးကြီးများ၊ ဝတ္ထုတိုကဏ္ဍတွင် ရွာစောင့်တဲကလေး၊ ဝတ္ထုတိုတစ်ပုဒ်ကို ခံစားခြင်း၊ အထွေထွေကဏ္ဍတွင် အချိန်ပြည့် ပင်ပန်းနွမ်းနယ်ခြင်း၊ ရွှင်လန်း ကျန်းမာ စိတ်ချမ်းသာစေမည့် သီးနှံလေးများ၊ ဖတ်သမျှ ဒဿနနှင့် ဟာသ စသည်ဖြင့်် ကဏ္ဍမျိုးစုံဆောင်းပါးများ ပါဝင်ပါသည်။
သုတပဒေသာစာစောင်ကို တစ်အုပ်လျှင် ၂၅ဝဝ ကျပ်နှုန်းဖြင့် စာပေဗိမာန် စာအုပ်ဆိုင်၊ အမှတ် (တ-၅၅)၊ သပြေကုန်းစျေး၊ နေပြည်တော်၊ ဖုန်း ဝ၆၇-၃၄၁၄၆၈၁၊ စာပေဗိမာန် စာအုပ်ဆိုင်၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ ဖုန်း-ဝ၁-၂၄၉ဝ၃၁၊ ၀၁- ၃၈၁၄၄၈၊ စာပေဗိမာန် စာအုပ်ဆိုင်၊ ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်းကြား၊ မန္တလေး၊ ဖုန်း ဝ၂- ၄၀၃ဝ၁၈၆၊ ရန်ကုန်မြို့ရှိ စာအုပ်ဆိုင်ကြီးများ၊ မန္တလေးမြို့ရှိ ထွန်းဦးစာပေ၊ နဂါးစာပေနှင့် မြို့အသီးသီးရှိ စာပေဗိမာန် ကိုယ်စားလှယ်များထံ ဝယ်ယူရရှိနိုင်ပြီး လက်ကားမှာယူလိုပါက စာပေဗိမာန်စာအုပ်ဆိုင် အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ ဖုန်း-ဝ၁-၂၄၉ဝ၃၁၊ ၀၁-၃၈၁၄၄၈ သို့ ဆက်သွယ် မှာယူနိုင်ပါသည်။