“ကျိုက်စကော ခင်စိုး” ရေးသားသည့် “မငိုပါနဲ့အမေရယ်” စာအုပ်သစ်ကို စာပေဗိမာန်က ထုတ်ဝေဖြန့်ချိ

“ကျိုက်စကော ခင်စိုး” ရေးသားသည့် “မငိုပါနဲ့အမေရယ်” စာအုပ်သစ်ကို စာပေဗိမာန်က ထုတ်ဝေဖြန့်ချိ လိုက်ပြီဖြစ်ပါသည်။

အဆိုပါစာအုပ်သည် ၂ဝ၁၈ ခုနှစ်အတွက် စာပေဗိမာန်စာမူဆုပြိုင်ပွဲတွင် ဝတ္ထုတိုပေါင်းချုပ် တတိယဆုရ စာမူဖြစ်ပြီး စာပေဗိမာန်က ပြည်သူ့လက်စွဲစာစဉ်အဖြစ် ထုတ်ဝေဖြန့်ချိလိုက်ခြင်း ဖြစ်သည်။

“မငိုပါနဲ့အမေရယ်” စာအုပ်တွင် ခေတ်အမျိုးမျိုး၊ စနစ်အမျိုးမျိုးမှ လူ့စရိုက်အမျိုးမျိုးကို ပီပီပြင်ပြင် ပိုင်ပိုင်နိုင်နိုင် ရေးဖွဲ့ဖော်ညွှန်း ထားသည်ကို တွေ့ရသည်။ ဟာသဉာဏ်ရှိသည်။ ဝမ်းနည်းဖွယ် အကြောင်းအရာကိုလည်း ရင်နင့်အောင် ရေးစွမ်းနိုင်သည်။ အထူးသဖြင့် ပြည်တွင်းငြိမ်းချမ်းရေးသည် အလွန်အရေးကြီးလှကြောင်းကို ငြိမ်းချမ်း ရေးဟူသော စကားလုံး တစ်လုံးမျှမပါဘဲ ရသမြောက်စွား ခပ်ပါးပါး ရေးပြသွားပုံမှာ ပညာသားပါသည်။ ရည်ရွယ်ချက် ကောင်းသည်။ ဝတ္ထုတိုရေးသားခြင်း အတတ်ပညာ၌ ကျွမ်းဝင်ကြောင်း သိသာထင်ရှား ရေးဖွဲ့ထားသည့် စာအုပ်ကောင်း တစ်အုပ်ဖြစ်ပါသည်။

အဆိုပါစာအုပ်ကို တန်ဖိုး ၁၀၀၀ ကျပ်ဖြင့် အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့ (ဖုန်း ဝ၁-၈၂၄၉၀၃၁၊ ဝ၁-၈၃၈၁၄၄၈) စာပေဗိမာန်စာအုပ်ဆိုင်က ဖြန့်ချိပြီး နေပြည်တော် သပြေကုန်းစျေးရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ဝ၆၇-၃၄၁၄၆၈၁)၊ မန္တလေးမြို့  ၈၆ လမ်း (၂၁ လမ်းနှင့် ၂၂ လမ်းကြား) ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ဝ၂-၄၀၃၀၁၈၆) တို့နှင့် အမြို့မြို့ရှိ စာပေဗိမာန် ကိုယ်စားလှယ် ဆိုင်များတွင် ဝယ်ယူရရှိနိုင်ပါသည်။ လက်ကားမှာယူလိုပါက အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့ (ဖုန်း ဝ၁-၈၂၄၉၀၃၁၊ ဝ၁-၈၃၈၁၄၄၈) စာပေဗိမာန် စာအုပ်ဆိုင်သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။
 

အကြံပြုစာ/တိုင်ကြားစာ