“မင်းသျှင်အောင် (တွံတေး)” ရေးသားသည့် “ရာမဇာတ်ထဲက ရေကျော်မောင်မောင်” စာအုပ်သစ်ကို စာပေဗိမာန်က ထုတ်ဝေဖြန့်ချိ

“မင်းသျှင်အောင် (တွံတေး)” ရေးသားသည့် “ရာမဇာတ်ထဲက ရေကျော်မောင်မောင်” စာအုပ်သစ်ကို စာပေဗိမာန်က ထုတ်ဝေဖြန့်ချိ လိုက်ပြီဖြစ်ပါသည်။

အဆိုပါစာအုပ်သည် ၂ဝ၁၈ ခုနှစ်အတွက် စာပေဗိမာန်စာမူဆုပြိုင်ပွဲတွင် စာပဒေသာ ဒုတိယဆုရ စာမူဖြစ်ပြီး စာပေဗိမာန်က ပြည်သူ့လက်စွဲစာစဉ်အဖြစ် ထုတ်ဝေဖြန့်ချိလိုက်ခြင်း ဖြစ်သည်။

“ရာမဇာတ်ထဲက ရေကျော်မောင်မောင်” စာအုပ်တွင် မြန်မာစာပေနှင့် ယဉ်ကျေးမှုနယ်ပယ်အတွင်းသို့ ပုဂံခေတ်နှင့် အင်းဝခေတ်တို့၌ ရာမဇတ်ဝတ္ထု စတင်စီးဆင်းဝင်ရောက်လာခဲ့ပုံမှ အစပြု၍ ရာမာယဏ သမိုင်းကြောင်း၊ နန်းတွင်းရာမဇာတ်တော်ကြီးနှင့် ဇာတ်ဝင်သီချင်းကြီးများကို ခြေရာကောက် စုစည်း ထားသည်။ ဆယ်ကျော်သက်အရွယ်တွင် ရာမဇာတ်၌ ရွှေသမင်အကဖြင့် နာမည်ရခဲ့ပြီး နောက်ပိုင်း တွင် ရာမဇာတ်သဘင်ပညာရှင်တစ်ဦးဖြစ်သည့် ရေကျော်မောင်မောင်၏ ဘဝတစ်စိတ်တစ်ဒေသသည် ရာမဇာတ်နှင့်တစ်သားတည်း ပျော်ဝင်ခဲ့ရာမှ ဘဝဆည်းဆာအချိန်၌ သာသနာ့အရိပ်သို့ ခိုဝင်ခဲ့ပုံဘဝဇာတ်ခုံကို ရေးသားထားသည့် စာအုပ်ကောင်းတစ်အုပ်ဖြစ်သည်။

အဆိုပါစာအုပ်ကို ရောင်းဈေး (၁၅ဝဝ) ကျပ်ဖြင့် အမှတ် ၅၂၉ - ၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၁-၈၂၄၉၀၃၁၊ ၀၁-၈၃၈၁၄၄၈)၊ အမှတ် (တ- ၅၅)၊ သပြေကုန်းစျေး၊ နေပြည်တော်ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၆၇-၃၄၁၄၆၈၁)၊ ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်း ကြား၊ မန္တလေးမြို့ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၂-၄၀၃၀၁၈၆) နှင့် အမြို့မြို့ရှိ စာပေဗိမာန် ကိုယ်စားလှယ်များထံတွင် ဆက်သွယ်ဝယ်ယူနိုင်ကြောင်းနှင့် လက်ကားမှာယူလိုပါက အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန်၊ အရောင်းဌာန (ဖုန်း ၀၁-၈၂၄၉၀၃၁၊ ၀၁-၈၃၈၁၄၄၈) သို့ ဆက်သွယ်နိုင်ကြောင်း သတင်းရရှိသည်။
 

အကြံပြုစာ/တိုင်ကြားစာ