“ယိမ်းနွဲ့လျှံ” ရေးသားသည့် “နှလုံးသားတို့ လန်းဆန်းရာမြေ” စာအုပ်သစ်ကို စာပေဗိမာန်က ထုတ်ဝေဖြန့်ချိ

“ယိမ်းနွဲ့လျှံ” ရေးသားသည့် “နှလုံးသားတို့ လန်းဆန်းရာမြေ” စာအုပ်သစ်ကို စာပေဗိမာန်က ထုတ်ဝေဖြန့်ချိ လိုက်ပြီဖြစ်ပါသည်။

အဆိုပါစာအုပ်သည် ၂ဝ၁၆ ခုနှစ်အတွက် စာပေဗိမာန်စာမူဆုပြိုင်ပွဲတွင် ဝတ္ထုရှည် တတိယဆုရစာမူ ဖြစ်ပြီး စာပေဗိမာန်က ပြည်သူ့လက်စွဲစာစဉ်အဖြစ် ထုတ်ဝေဖြန့်ချိလိုက်ခြင်း ဖြစ်သည်။

“နှလုံးသားတို့ လန်းဆန်းရာမြေ” စာအုပ်တွင် ချစ်ရသူနှင့်ကွေကွင်းရခြင်းဆင်းရဲ၊ မချစ်မနှစ်သက်သူနှင့် အတူနေပေါင်းသင်းရခြင်းဆင်းရဲ၊ ထိုဆင်းရဲခြင်းနှစ်မျိုးကို တစ်ပြိုင်နက်တည်းခံစားခဲ့ရသော မိန်းမလှလေးတစ်ဦး၏ ရန်ငြိုးနှင့် အမုန်းကို ဇာတ်လမ်းဖွဲ့ထားသည်။ ရန်ငြိုးသည်လည်းကောင်း၊ အမုန်းသည်လည်းကောင်း မိမိကိုပင် ပြန်လည်လောင်မြိုက်ကာ လောဘ၊ ဒေါသနှင့် မောဟနယ်တွင် ပူလောင်စွာ ကူးခတ်ရကြောင်းများကို ရသမြောက်စွာ ရေးဖွဲ့ထားပြီး နောက်ဆုံးတွင် မြတ်ဗုဒ္ဓ၏ အဆုံးအမနှင့် တရားဓမ္မသည်သာ အေးချမ်းမှု၊ လန်းဆန်းမှုပေးနိုင်ကြောင်းကို ရသပေါ်လွင်အောင် ရေးဖွဲ့ထားသည့် စာအုပ်ကောင်းတစ်အုပ်ဖြစ်သည်။

အဆိုပါစာအုပ်ကို ရောင်းဈေး (၁၂ဝဝ) ကျပ်ဖြင့် အမှတ် ၅၂၉ - ၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၁-၈၂၄၉၀၃၁၊ ၀၁-၈၃၈၁၄၄၈)၊ အမှတ် (တ- ၅၅)၊ သပြေကုန်းစျေး၊ နေပြည်တော်ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၆၇-၃၄၁၄၆၈၁)၊ ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်း ကြား၊ မန္တလေးမြို့ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၂-၄၀၃၀၁၈၆) နှင့် အမြို့မြို့ရှိ စာပေဗိမာန် ကိုယ်စားလှယ်များထံတွင် ဆက်သွယ်ဝယ်ယူနိုင်ကြောင်းနှင့် လက်ကားမှာယူလိုပါက အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန်၊ အရောင်းဌာန (ဖုန်း ၀၁-၈၂၄၉၀၃၁၊ ၀၁-၈၃၈၁၄၄၈) သို့ ဆက်သွယ်နိုင်ကြောင်း သတင်းရရှိသည်။
 

အကြံပြုစာ/တိုင်ကြားစာ