စာပေဗိမာန်စာအုပ်ဆိုင်များတွင် ၂၀၂၂ ခုနှစ်၊ ဇွန်လထုတ် သုတပဒေသာနှင့် လူငယ်ရေးရာစာစောင် ရောင်းချ

၁၉၇၃ ခုနှစ်၊ ဇူလိုင်လမှ စတင်ထုတ်ဝေခဲ့ပြီး နှစ်ပေါင်း ၄ဝ ကျော် စာချစ်သူများ လက်ခံ အားပေးလာခဲ့သော စာပေဗိမာန်ထုတ် သုတပဒေသာစာစောင်ကို ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလမှစ၍ သုတပဒေသာနှင့် လူငယ်ရေးရာစာစောင်ဟု အမည်ပြောင်းလဲကာ ၂၀၂၂ ခုနှစ်၊ ဇွန်လ၊ အတွဲ(၄၉)၊ အမှတ်(၆) ကို ထုတ်ဝေလိုက်ပြီ ဖြစ်ပါသည်။ စာစောင်ကို အမည်ပြောင်းလိုက်သလို အတွင်းပိုင်း ပါဝင်သော စာမူများကိုလည်း အပိုင်းခွဲ၍ ဖော်ပြထားပါသည်။

လူငယ်များအတွက် အဓိကဦးတည်သော သုတပဒေသာနှင့် လူငယ်ရေးရာစာစောင်၏ မျက်နှာဖုံးဆောင်းပါးကဏ္ဍမှာ “အကြမ်းဖက်မှုများ ပပျောက်ဖို့ အလေးပေးဆောင်ရွက်ကြပါစို့” ဖြစ်ပါသည်။ မျက်နှာဖုံးဆောင်းပါးကဏ္ဍတွင် အကြမ်းဖက်တိုက်ဖျက်ရေး လှုပ်ရှားမှုဥပဒေနဲ့အညီ ဆောင်ရွက်နေ၊ အကြမ်းဖက်မှုများ ပပျောက်ဖို့ အလေးပေးဆောင်ရွက်ကြပါစို့၊ လူငယ်ရေးရာကဏ္ဍတွင် ဘယ်အခါမှာ ပျော်မှာလဲ၊ ပစ္စည်းတစ်ခုရဲ့ တန်ဖိုးအစစ်၊ သင့်ဘဝ ရပ်တည်ရှင်သန်နေမှုမှာ ပတ်ဝန်းကျင်ရဲ့ ကျေးဇူးတွေများ ပါနေသလား၊ လူသားတို့အတွက် ဒုတိယကမ္ဘာ အပိုင်း(၂)၊  ဒီမိုကရေစီနှင့် တရားဥပဒေစိုးမိုးရေး၊ နှလုံးသားတွင် အမုန်းများ စင်ကြယ်ကြပါစေ၊ လူငယ်နှင့် ဘဝတွက်တာ သင်ယူစရာ၊ ဖန်တီးမှုစွမ်းအား ချစ်မေတ္တာတရား၊ ပူးပေါင်းဆောင်ရွက်ကြသူများ အနေအထားဆီသို့၊ ဖတ်သမျှ ဒဿန၊ ကဗျာကဏ္ဍတွင် ထာဝရ၊ အတွေးအခေါ်နှင့် တက်ကျမ်းဆိုင်ရာကဏ္ဍတွင် အကြံထုတ်အုပ်စုဖွဲ့ပါ၊ သဘာဝပတ်ဝန်းကျင်ရှုထောင့်ဆိုင်ရာကဏ္ဍတွင် မိတ်မလိုက်နိုင်လျှင် သေဆုံးသွားရသော ငါးထီး၊ ဂူနေသတ္တဝါများ၊ ချွေတာပါလေ အဖိုးတန်ရေ၊ နိုင်ငံတကာဆိုင်ရာကဏ္ဍတွင် အဖွဲ့အစည်းပုံသဏ္ဌာန်၊ အာရောဂျံ ခရီးသည်၊ ရွေးကောက်ပွဲဆိုင်ရာကဏ္ဍတွင် အချိုးကျ ကိုယ်စားပြုစနစ်ကျင့်သုံးသော အာဆီယံနိုင်ငံများ၏ ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်များ၊ ကျန်းမာရေးဆိုင်ရာကဏ္ဍတွင် ဆန်းသစ်ဖွေရှာ ဆေးပညာ (၂၄၆)၊ အပူဒဏ်နှင့် ခရမ်းလွန်ရောင်ခြည်အန္တရာယ်၊ မသန်စွမ်းသူများဆိုင်ရာကဏ္ဍတွင် မသန်စွမ်းသူများ၏ အလုပ်အကိုင် အခွင့်အရေး၊ စီးပွားရေးဆိုင်ရာကဏ္ဍတွင် ပင့်ကူအိမ်သီအိုရီ၊ အောင်မြင်မှုအတွက် သင့်ကုမ္ပဏီကို နေရာယူထားပါ၊ ဖြစ်ရပ်မှန်ကဏ္ဍတွင် သမုဒ္ဒရာထုဆစ်တဲ့ကြယ်၊ ဝတ္ထုတိုကဏ္ဍတွင် အပြာရောင်ပုတီးတစ်ကုံး၊ အထွေထွေကဏ္ဍတွင် လူငယ်နှင့် စီမံခန့်ခွဲမှု၊ သံလမ်းပေါ်က ကလေးများနှင့် ဟာသ စသည်ဖြင့် ကဏ္ဍမျိုးစုံ ဆောင်းပါးများ ပါဝင်ပါသည်။
    
သုတပဒေသာနှင့် လူငယ်ရေးရာစာစောင်ကို တစ်အုပ်လျှင် ၂၅ဝဝ ကျပ်နှုန်းဖြင့် စာပေဗိမာန် စာအုပ်ဆိုင်၊ အမှတ် (တ-၅၅)၊ သပြေကုန်းစျေး၊ နေပြည်တော်၊ ဖုန်း ဝ၆၇-၃၄၁၄၆၈၁၊ စာပေဗိမာန် စာအုပ်ဆိုင်၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ ဖုန်း-ဝ၁-၈၂၄၉ဝ၃၁၊ ၀၁- ၈၃၈၁၄၄၈၊ စာပေဗိမာန် စာအုပ်ဆိုင်၊ ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်းကြား၊ မန္တလေး၊ ဖုန်း ဝ၂- ၄၀၃ဝ၁၈၆၊ ရန်ကုန်မြို့ရှိ စာအုပ်ဆိုင်ကြီးများ၊ မန္တလေးမြို့ရှိ ထွန်းဦးစာပေ၊ နဂါးစာပေနှင့် မြို့အသီးသီးရှိ စာပေဗိမာန် ကိုယ်စားလှယ်များထံ ဝယ်ယူရရှိနိုင်ပြီး လက်ကားမှာယူလိုပါက စာပေဗိမာန် စာအုပ်ဆိုင် အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ ဖုန်း-ဝ၁-၈၂၄၉ဝ၃၁၊ ၀၁-၈၃၈၁၄၄၈ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။
 

အကြံပြုစာ/တိုင်ကြားစာ