စာပေဗိမာန်စာအုပ်ဆိုင်များတွင် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလထုတ်  သုတပဒေသာနှင့် လူငယ်ရေးရာစာစောင် ရောင်းချ

၁၉၇၃ ခုနှစ်၊ ဇူလိုင်လမှ စတင်ထုတ်ဝေခဲ့ပြီး နှစ်ပေါင်း ၅ဝ ကျော် စာချစ်သူများ လက်ခံအားပေး လာခဲ့သော စာပေဗိမာန်ထုတ် သုတပဒေသာစာစောင်ကို ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလမှစ၍ သုတပဒေသာနှင့် လူငယ်ရေးရာစာစောင်ဟု အမည်ပြောင်းလဲကာ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ၊ အတွဲ(၅ဝ)၊ အမှတ်(၁၀) ကို ထုတ်ဝေလိုက်ပြီ ဖြစ်ပါသည်။ စာစောင်ကို အမည်ပြောင်းလိုက်သလို အတွင်းပိုင်းတွင်ပါဝင်သော စာမူ များကိုလည်း အပိုင်းခွဲ၍ ဖော်ပြထားပါသည်။ 
လူငယ်များအတွက် အဓိကဦးတည်သော သုတပဒေသာနှင့် လူငယ်ရေးရာစာစောင်၏ မျက်နှာဖုံးဆောင်းပါးကဏ္ဍမှာ “အခြေခံလူ့အခွင့်အရေးများနှင့် ငြိမ်းချမ်းသာယာသည့် လူ့ဘောင်” ဖြစ်ပါသည်။ မျက်နှာဖုံးဆောင်းပါးကဏ္ဍတွင် အခြေခံလူ့အခွင့်အရေးများနှင့် ငြိမ်းချမ်းသာယာသော လူ့ဘောင်၊ လူ့အခွင့်အရေးနှင့် ဘာသာတရား၊ ယဉ်ကျေးမှုတို့၏ ဝိရောဓိ၊ လူငယ်ရေးရာကဏ္ဍတွင် လူငယ်နှင့် စာရိတ္တ၊ ဘယ်သူသိသိ မသိသိ၊ ငါသိတယ်၊ ခုနစ်မည်ရ သီတင်းကျွတ်လပြည့် အခါသမယ၊ စိတ်ဖိစီးမှု၏ သဘောသဘာဝ၊ ဆိုကရေးတီး အနုပညာ၊ မိမိကိုယ်ကိုမိမိ မှန်ကန်စွာ သုံးသပ်နိုင်ကြဖို့၊ တစ်ဆင့်စကား၊ ဗလလေးတန် အပေါင်း တစ် စာရိတ္တမှာ အဓိကဖြစ်၊ ကိုယ့်ကိုယ်ကိုယ် အရင်ပေးပါ၊ ကဗျာကဏ္ဍတွင် When You Die၊ နိုင်ငံတကာဆိုင်ရာကဏ္ဍတွင် ဘူမိအပူစွမ်းအင်ဖြင့် လျှပ်စစ်ထုတ်လုပ်ခြင်း (အပိုင်း-၂)၊ သက်ဝင်ယုံကြည်မှုဖြင့် ကုသခြင်း၊ သဘာဝပတ်ဝန်းကျင် ရှုထောင့်ဆိုင်ရာကဏ္ဍတွင် ဘွန်ဆိုင်း ခေါ် ဂျပန် သစ်ပင်ပုလေးများ၊ ဖားသတ္တဝါတို့ မျိုးတုံးတော့မည်လော၊ သဘာဝပတ်ဝန်းကျင်နှင့် ဓာတုပိုးသတ်ဆေး အန္တရာယ်၊ စီးပွားရေးဆိုင်ရာကဏ္ဍတွင် အရှေ့တောင်အာရှသို့ တင်ပို့လာသည့် တရုတ်နိုင်ငံ၏ လျှပ်စစ် ကားများ၊ MSME လုပ်ငန်းများအောင်မြင်ရေး အားလုံးဝိုင်းဝန်းကြိုးပမ်းပေး၊ ၂၁ ရာစု ကမ္ဘာ့စီးပွားရေး နှေးနှေးကွေးကွေး၊ အကြမ်းဖက်မှုဆိုင်ရာကဏ္ဍတွင် လုပ်ငန်းခွင်အတွင်း လိင်ပိုင်းဆိုင်ရာ ထိပါး နှောင့်ယှက်ခြင်း၊ မူးယစ်ဆေးဝါးဆိုင်ရာကဏ္ဍတွင် အရက်၊ ဆေးလိပ်နှင့် မူးယစ်ဆေးဝါးအန္တရာယ်ကို သတိထားပါ၊ ကျန်းမာရေးဆိုင်ရာကဏ္ဍတွင် ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်း လုပ်မယ်ဆိုရင်၊ ဆန်းသစ် ဖွေရှာ ဆေးပညာ (၂၆၂)၊ ဖြစ်ရပ်မှန်ကဏ္ဍတွင် အရေးကြုံသော်…၊ ဝတ္ထုတိုကဏ္ဍတွင် ကဗျာရေးတဲ့ သမီးလေး၊  အထွေထွေကဏ္ဍတွင် ယာဉ်စည်းကမ်း လမ်းစည်းကမ်းများကို လိုက်နာကြစို့၊ သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေး၊ ဟာသ စသည်ဖြင့် ကဏ္ဍမျိုးစုံ ဆောင်းပါးများ ပါဝင်ပါသည်။
သုတပဒေသာနှင့် လူငယ်ရေးရာစာစောင်ကို တစ်အုပ်လျှင် ၂၅ဝဝ ကျပ်နှုန်းဖြင့် စာပေဗိမာန် စာအုပ်ဆိုင်၊ အမှတ် (တ-၅၅)၊ သပြေကုန်းစျေး၊ နေပြည်တော်၊ ဖုန်း ဝ၆၇-၃၄၁၄၆၈၁၊ စာပေဗိမာန် စာအုပ်ဆိုင်၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ ဖုန်း-ဝ၁-၈၂၄၉ဝ၃၁၊ ၀၁- ၈၃၈၁၄၄၈၊ စာပေဗိမာန် စာအုပ်ဆိုင်၊ ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်းကြား၊ မန္တလေး၊ ဖုန်း ဝ၂- ၄၀၃ဝ၁၈၆၊ ရန်ကုန်မြို့ရှိ စာအုပ်ဆိုင်ကြီးများ၊ မန္တလေးမြို့ရှိ ထွန်းဦးစာပေ၊ နဂါးစာပေနှင့် မြို့အသီးသီးရှိ စာပေဗိမာန် ကိုယ်စားလှယ်များထံ ဝယ်ယူရရှိနိုင်ပြီး လက်ကားမှာယူလိုပါက စာပေဗိမာန် စာအုပ်ဆိုင် အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ ဖုန်း-ဝ၁-၈၂၄၉ဝ၃၁၊ ၀၁-၈၃၈၁၄၄၈ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။
 

အကြံပြုစာ/တိုင်ကြားစာ