၁၃-၁၂-၂၀၂၅ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၇)၊ အမှတ် (၅၀)ထွက်ရှိ

ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ်အောက် ကလေးငယ်များ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၃ ရက် (စနေနေ့)တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ (၅၇)၊ အမှတ် (၅၀)၌ ကြွက်သိုးလေး၏ ဉာဏ်ကောင်းမှုကြောင့် ကြောင်ကြီးမြီးတို၏ အန္တရာယ်မှ လွတ်မြောက်ကြသော ကြွက်အပေါင်းတို့သည် အလွန်ပျော်ကြရပုံအကြောင်း သရုပ်ဖော်ထားသည့် “ကြောင်ကို ဘယ်သူ ချူဆွဲပေးမလဲ” မျက်နှာဖုံးကာတွန်း၊ သူတစ်ပါးအပေါ် အလွန် စနောက်တတ်သော မျောက်ကလေးသည် ဝက်ဝံမကြီး၏ ဆုံးမစကားကြောင့် မစမနောက်တော့ဘဲ အားလုံနှင့် ချစ်ချစ်ခင်ခင် နေထိုင်သွားပုံအကြောင်း သရုပ်ဖော်ထားသည့် “မစနောက်တော့ပါ” နှစ်မျက်နှာကာတွန်း၊ အဝေမတည့် လောဘကြီးမိရာက ဘာမှ မစားရဘဲ ကျန်နေခဲ့ရသော ဖျံနှစ်ကောင်အကြောင်း သရုပ်ဖော်ထားသည့် “ဖျံနှစ်ကောင်နှင့် ကြောင်တစ်ကောင်” နှစ်မျက်နှာ ကာတွန်း၊ မိမိကိုယ် မိမိ မာနမကြီးတော့ဘူးဆိုသော ပန်းချီဆရာကြီးအကြောင်း သရုပ်ဖော်ထား သည့် “မာနကြီးသော ပန်းချီဆရာ” နှစ်မျက်နှာကာတွန်း၊ လီပေါင်း၏ အဓိပ္ပာယ်ကို ရှင်းပြနေသော ချက်ပုအကြောင်း သရုပ်ဖော်ထားသည့် “ချက်ပု- မြှောက်မယ်၊ စားမယ်” တစ်မျက်နှာကာတွန်းနှင့် ရီမုတ်ကားဝယ်ပေးရန် အဖေဖြစ်သူထံ တောင်းဆိုနေသော ဘယ်ကျော်အကြောင်း သရုပ်ဖော်ထားသည့် “ဘယ်ကျော်” မျက်နှာဝက်ဟာသကာတွန်းတို့ကို တင်ဆက်ထားပါသည်။ 

သုတကဏ္ဍအနေဖြင့် အချိုကို အလွန်အကျွံစားခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သည့် ကျန်းမာ ရေး ဆိုးကျိုးများအကြောင်း ရေးသားထားပါသည်။ ဝတ္ထုကဏ္ဍအနေဖြင့် အသစ်ဝယ်လာသော ကျောပိုးအိတ်လေးကို ရိုရိုသေသေ ကိုင်ပြီး စနစ်တကျ ထားရန် ဆုံးဖြတ်ချက်ချလိုက်သော Grade-2 ကျောင်းသားတစ်ဦးအကြောင်း ဖတ်ရှုရမည်ဖြစ်ပါသည်။ ပုံပြင်ကဏ္ဍတွင် ဖခင် မှော်ဆရာကြီး ပေးလိုက်သော သလင်းကျောက်ကို မှန်မှန်ကန်ကန် အကျိုးရှိစွာ အသုံးချတတ်ရန် နားလည် သဘော ပေါက်သွားသော ဇိုရိုအကြောင်း ရေးသားထားပါသည်။ ထို့ပြင် ကလေးတို့ကိုယ်တိုင် ရေးဆွဲထား သည့် ပန်းချီလက်ရာများကို တင်ဆက်ထားသည့် ရွှေသွေးတို့လက်ရာကဏ္ဍ၊ ငလျင်ဘေးအန္တရာယ် ကြိုတင်ပြင်ဆင်ရေးနှင့် စပ်လျဉ်း၍ ပြည်သူသို့ အသိပေးနှိုးဆော်ချက်ကဏ္ဍနှင့် လူသားတို့၏ တီထွင်ဉာဏ် ကြီးမားကြပုံအကြောင်း ရေးဖွဲ့ထားသည့် ဆရာ မင်းရွှေမိုး၏ “လူ” ကဗျာကဏ္ဍတို့ကို လည်း တင်ဆက်ထားပါသည်။ အင်္ဂလိပ်စာကဏ္ဍအနေဖြင့် ကွန်ပျူတာတွင် ဗိုင်းရတ်ဝင်၍ ဝယ်ယူခဲ့သည့်ဆိုင်တွင် ပြန်လည် ပြင်ဆင်ခိုင်းသောအခါ ဝယ်ယူသောပစ္စည်းအတွက် ပြင်ဆင် လဲလှယ်နိုင်ခွင့် အာမခံလက်မှတ် သက်တမ်းကုန်ဆုံးနေသည်နှင့် ပတ်သက်၍ အပြန်အလှန် ပြောဆိုပုံကို အသုံးအနှုန်းမတူဘဲ အဓိပ္ပာယ်တူပြောဆိုပုံကို ကလေးတို့ လေ့လာမှတ်သားနိုင်မည် ဖြစ်ပါသည်။ 

ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၄၀၀ ကျပ်နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့။ ဖုန်း ၀၁-၃၈၁၄၄၈၊ ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။
 

အကြံပြုစာ/တိုင်ကြားစာ