သတင်း/ကြေညာချက်

Jun 18, 2026
၂၀၂၆ ခုနှစ်အတွက် အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရန် မူပိုင်ခွင့်နှင့်မှတ်ပုံ တင်ဌာနခွဲမှ ၂၃-၄-၂၀၂၆ ရက်တွင် ၂၀၂၅ ခုနှစ်အတွက် အကျုံးဝင်သည့် စာအုပ် ၆ မျိုး ၁၂ အုပ်၊ ၂၀၂၆ ခုနှစ်အတွက် အကျုံးဝင်သည့်စာအုပ် ၁၁၂ မျိုး ၂၂၄ အုပ်နှင့် ၂၀၂၅ ခုနှစ်အတွက် အကျုံးမဝင်သည့် စာအုပ် ၁၆ မျိုး ၃၂ အုပ် နှင့် ၂၀၂၆ ခုနှစ်အတွက် အကျုံးမဝင်သည့်စာအုပ် ၇၁ မျိုး ၁၄၂ အုပ်ကို လက်ခံရရှိခဲ့ပါသည်။ ယင်းစာအုပ်များစာရင်းကို အောက်ပါအတိုင်း စုစည်းဖော်ပြအပ်ပါသည် -
Jun 15, 2026

၂ဝ၂၅ ခုနှစ် အမျိုးသားစာပေဆုများ ရွေးချယ်ချီးမြှင့်နိုင်ရန်အတွက် စိစစ်ရွေးချယ်ခြင်းများ ဆောင်ရွက်လျက်ရှိရာ သက်ဆိုင်ရာဘာသာရပ်ဆိုင်ရာအဖွဲ့ငယ် (ပဏာမအဆင့်) အစည်းအဝေးကို ၂ဝ၂၆ ခုနှစ်၊ ဇွန်လ ၁၅ ရက် နံနက် ၁၀ : ၀၀ နာရီမှ ၁၁ : ၀၀ နာရီအထိ ရန်ကုန်မြို့ ကုန်သည်လမ်းရှိ စာပေဗိမာန်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အစည်းအဝေးတွင် ၂ဝ၂၅ ခုနှစ် အမျိုးသားစာပေဆု ရွေးချယ်နိုင်ရေးအတွက် ဘာသာရပ်ဆိုင်ရာ စာအုပ်များ ပဏာမအဆင့် ရွေးချယ်ထားမှုအခြေအနေကို စိစစ်ရွေးချယ်ရေးအဖွဲ့ဝင်များက ဆွေးနွေး ကြကြောင်း သိရသည်။

Jun 12, 2026
၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၃ ရက် (စနေနေ့)တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ (၅၈)၊ အမှတ် (၂၄) ၌ စကားကို ဖြောင့်မတ်မှန်ကန်စွာ ပြောဆိုမှုကြောင့် ဘုရင်ကြီး၏ မြှောက်စားချီးမြှင့်ခြင်းကို ခံခဲ့ရသည့် အမတ်ကြီးအကြောင်းကို သရုပ်ဖော်ထားသည့် “ပညာရှိ အမတ်ကြီး” မျက်နှာဖုံးကာတွန်း၊ သူတစ်ပါးကို ကူညီလုပ်ဆောင်ပေးတတ်သော ပရဟိတစိတ်ရှိမှုကြောင့်

အကြံပြုစာ/တိုင်ကြားစာ