သတင်း/ကြေညာချက်

Jul 07, 2023
၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၈ ရက် (စနေနေ့)တွင် ထွက်ရှိမည့် ရွှေသွေး ဂျာနယ် အတွဲ(၅၅)၊ အမှတ်(၂၇)၌ မျိုးစေ့များစိုက်ပျိုးရန် သူတစ်ပါး၏ အကူအညီ မရရှိ၍ မိမိတို့ မိသားစုဝင်များ စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်ဖြင့် စိုက်ပျိုးခဲ့ရာမှ
Jul 06, 2023
အစည်းအဝေးတွင် ၂ဝ၂၂ ခုနှစ်အတွက် စာပေဗိမာန်စာမူဆုရွေးချယ်နိုင်ရေးအတွက် ပေးပို့ယှဉ်ပြိုင် ထားသည့် ဘာသာရပ်ဆိုင်ရာစာမူများ ဆန်ခါတင်အဆင့် ရွေးချယ်ထားရှိမှုအခြေအနေကို စိစစ် ရွေးချယ်ရေး အဖွဲ့ဝင်များက ဆွေးနွေးကြကြောင်း သိရသည်။
Jul 06, 2023

 ၂ဝ၂၂ ခုနှစ် အမျိုးသားစာပေဆုများ ရွေးချယ်ချီးမြှင့်နိုင်ရန်အတွက် စိစစ်ရွေးချယ်ခြင်းများ ဆောင်ရွက်လျက်ရှိရာ သက်ဆိုင်ရာဘာသာရပ်ဆိုင်ရာအဖွဲ့ငယ် (ဆန်ခါတင်အဆင့်) အစည်းအဝေးကို ၂ဝ၂၃ ခုနှစ် ဇူလိုင်လ ၆ ရက် နံနက် ၁၁ : ၀၀ မှ ၁၁ : ၃၀ နာရီအထိလည်းကောင်း၊ နံနက် ၁၁ : ၃၀ မှ ၁၂ : ၀၀ နာရီအထိ ရန်ကုန်မြို့ ကုန်သည်လမ်းရှိ စာပေဗိမာန်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

အစည်းအဝေးတွင်၂ဝ၂၂ခုနှစ်အတွက် အမျိုးသားစာပေဆုရွေးချယ်နိုင်ရေးအတွက် ဘာသာရပ်ဆိုင်ရာ စာအုပ်များ ဆန်ခါတင်အဆင့်ရွေးချယ်ထားမှု အခြေအနေကို စိစစ်ရွေးချယ်ရေးအဖွဲ့ဝင်များက ဆွေးနွေး ကြကြောင်း သိရသည်။

အကြံပြုစာ/တိုင်ကြားစာ