“မေမြန်မာ” ရေးသားသည့် “နာမည်နှင့် မြန်မာ” စာအုပ်သစ်ကို စာပေဗိမာန်က ထုတ်ဝေဖြန့်ချိ

“မေမြန်မာ” ရေးသားသည့် “နာမည်နှင့် မြန်မာ” စာအုပ်သစ်ကို စာပေဗိမာန်က ထုတ်ဝေဖြန့်ချိ လိုက်ပြီဖြစ်ပါသည်။

အဆိုပါစာအုပ်သည် ၂ဝ၁၈ ခုနှစ်အတွက် စာပေဗိမာန်စာမူဆုပြိုင်ပွဲတွင် သုတပဒေသာ (ဝိဇ္ဇာ) ဒုတိယဆုရ စာမူဖြစ်ပြီး စာပေဗိမာန်က ပြည်သူ့လက်စွဲစာစဉ်အဖြစ် ထုတ်ဝေဖြန့်ချိလိုက်ခြင်း ဖြစ်သည်။

“နာမည်နှင့် မြန်မာ” စာအုပ်တွင် နာမည်မှည့်ပုံ နည်းစနစ်များကို အဓိကထား ရေးသားထားသည်။ ကမ္ဘာပေါ်ရှိ နာမည်မှည့်ပုံများနှင့် မြန်မာတို့၏ နည်မည်မှည့်ပုံများကို နည်းစနစ်ကျနစွာ ရေးသားတင်ပြထားသည်။ မြန်မာနာမည်မှည့်နည်း အမျိုးမျိုးအကြောင်း၊ ပုဂံခေတ်မှ မျက်မှောက်ခေတ်တိုင်အောင် မြန်မာနာမည်များ အဆင့်ဆင့်ပြောင်းလဲလာပုံ၊ ကျား၊ မ နာမည်၊ တိုင်းရင်းသားနာမည်၊ နာမည်နှင့် ဆက်စပ်သော ဝိသေသသဘောများကိုလည်း အသေးစိတ် အနုစိတ် အကိုးအကားများဖြင့် ဖော်ပြသည်။ နာမည်နှင့် ယုံကြည်လိုက်နာမှုဓလေ့၊ နာမည်အပေါ် စရိုက်လက္ခဏာလွှမ်းမိုးမှု၊ နာမည်နှင့် လူမှုဆက်ဆံရေးတို့၏ ထူးခြားဖြစ်တည်မှုများကိုလည်း စိတ်ဝင်စားဖွယ်ဖော်ထုတ်တင်ပြထားသည့် စာအုပ်ကောင်း တစ်အုပ်ဖြစ်ပါသည်။

အဆိုပါစာအုပ်ကို ရောင်းဈေး (၁၇ဝဝ) ကျပ်ဖြင့် အမှတ် ၅၂၉ - ၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန် စာအုပ်ဆိုင် (ဖုန်း ၀၁-၈၂၄၉၀၃၁၊ ၀၁-၈၃၈၁၄၄၈)၊ အမှတ် (တ- ၅၅)၊ သပြေကုန်းစျေး၊ နေပြည်တော်ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၆၇-၃၄၁၄၆၈၁)၊ ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်း ကြား၊ မန္တလေးမြို့ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၂-၄၀၃၀၁၈၆) နှင့် အမြို့မြို့ရှိ စာပေဗိမာန် ကိုယ်စားလှယ်များထံတွင် ဆက်သွယ်ဝယ်ယူနိုင်ကြောင်းနှင့် လက်ကားမှာယူလိုပါက အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန်၊ အရောင်းဌာန (ဖုန်း ၀၁-၈၂၄၉၀၃၁၊ ၀၁-၈၃၈၁၄၄၈) သို့ ဆက်သွယ်နိုင်ကြောင်း သတင်း ရရှိသည်။
 

အကြံပြုစာ/တိုင်ကြားစာ