၂၀၂၁ ခုနှစ် နှင့် ၂၀၂၂ ခုနှစ်အတွက် အမျိုးသားစာပေဆုရွေးချယ်နိုင်ရေး ဖတ်ရှုစိစစ်ရမည့် စာအုပ်များ လက်ခံလျက်ရှိရာ ၂၀၂၂ ခုနှစ် ဇူလိုင်လ (၁) ရက်တွင်  စာအုပ်  (၁၇၉)  မျိုး ထပ်မံရရှိ

 ၂၀၂၁ ခုနှစ် နှင့် ၂၀၂၂ ခုနှစ်အတွက် အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရာတွင် ထည့်သွင်း စဉ်းစားနိုင်ရေး အတွက် စာပေဆုများ အုပ်ချုပ်ထောက်ပံ့မှုကော်မတီရုံး စာပေဗိမာန်သို့ စာအုပ်များ ပေးပို့ကြရန် စာရေးသူ၊ ပုံနှိပ်သူနှင့် ထုတ်ဝေဖြန့်ချိသူများနှင့် ပြည်သူများကို နိုင်ငံပိုင်သတင်းစာများ၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားသတင်းဌာနများမှတစ်ဆင့် မေတ္တာရပ်ခံ နှိုးဆော်ခဲ့ပါသည်။

အဆိုပါ မေတ္တာရပ်ခံချက်အရ မူပိုင်ခွင့်နှင့် မှတ်ပုံတင်ဌာနခွဲမှ တစ်မျိုးလျှင် (၂) အုပ်နှုန်းဖြင့် ပေးပို့လာရာ စာပေဗိမာန်ရုံးက လက်ခံရရှိကြောင်း ပြန်ကြားပေးခြင်း၊ www.moi.gov.mm/ppd Web Site တွင် သတင်းထုတ်ပြန်ခြင်း၊ ရရှိလာသည့် စာအုပ်များကို အမျိုးသားစာပေဆု ရွေးချယ်ရေးအတွက် သတ်မှတ်ထားသော ဘာသာရပ် (၁၉) မျိုး အလိုက် ဘာသာရပ်များ ခွဲခြားမှတ်တမ်းတင်ခြင်း စသည်တို့ ဆောင်ရွက်လျက်ရှိပါသည်။ ၂၀၂၂ ခုနှစ် ဇူလိုင်လ (၁) ရက်တွင် စာအုပ် (၁၇၉) မျိုး ထပ်မံရရှိခဲ့ပါသည်။ ယင်းစာအုပ်များ စာရင်းကို ထုတ်ဝေသည့်ခုနှစ်နှင့် ထုတ်ဝေသည့်အကြိမ်ရေနှင့်အတူ အောက်ပါအတိုင်း စုစည်းဖော်ပြအပ်ပါသည် -

01

02-3

03-2

04-1

05-2

06-1

07

အကြံပြုစာ/တိုင်ကြားစာ