ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံး လုပ်ငန်းစွမ်းဆောင်ရည် မြှင့်တင်ရေး နှီးနှောဖလှယ်ပွဲကျင်းပ

ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံး လုပ်ငန်းစွမ်းဆောင်ရည် မြှင့်တင်ရေး နှီးနှောဖလှယ်ပွဲကျင်းပ

ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးရှိ စာတည်းဝန်ထမ်းများနှင့် စာကြည့်တိုက် ဝန်ထမ်းများ၏ လုပ်ငန်းစွမ်းဆောင်ရည် မြှင့်တင်ရေးအတွက် လုပ်ငန်းစွမ်းဆောင်ရည် မြှင့်တင်ရေး နှီးနှော ဖလှယ်ပွဲကို (၈-၃-၂၀၂၃) ရက် နံနက် (၁၀:၀၀) နာရီမှ နေ့လယ် (၁၂:၃၀) နာရီအထိ စာပေဗိမာန်ရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ပါသည်။

အဆိုပါ နှီးနှောဖလှယ်ပွဲတွင် ဦးဝင်းဖေ (ကာတွန်းပညာရှင်) က “ကလေးကာတွန်းများနှင့် ဇာတ်လမ်းများ ဖန်တီးခြင်း” ခေါင်းစဉ်ဖြင့် ပို့ချခဲ့ရာ အရာထမ်း (၁၆) ဦး၊ အမှုထမ်း (၁၆) ဦး၊ စုစုပေါင်း ဝန်ထမ်း (၃၂) ဦးတို့ တက်ရောက် ခဲ့ကြသည်။


1-208

2-184

အကြံပြုစာ/တိုင်ကြားစာ