၂ဝ၂၂ ခုနှစ် စာပေဗိမာန်စာမူဆုများ ရွေးချယ်ချီးမြှင့်နိုင်ရန်အတွက် စိစစ်ရွေးချယ်ခြင်းများ ဆောင်ရွက်လျက်ရှိရာ သက်ဆိုင်ရာဘာသာရပ်ဆိုင်ရာအဖွဲ့ငယ် (ဆန်ခါတင်အဆင့်) အစည်းအဝေး ကို ၂ဝ၂၃ ခုနှစ် ဇူလိုင်လ ၁၂ ရက် နံနက် ၁၀ : ၀၀ မှ ၁၁ : ၀၀ နာရီအထိ လည်းကောင်း၊ နံနက် ၁၁ : ၀၀ မှမွန်းတည့် ၁၂ : ၀၀ နာရီအထိ လည်းကောင်း ရန်ကုန်မြို့ ကုန်သည်လမ်းရှိ စာပေဗိမာန်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
အစည်းအဝေးတွင်၂ဝ၂၂ ခုနှစ်အတွက် စာပေဗိမာန်စာမူဆုရွေးချယ်နိုင်ရေးအတွက် ပေးပို့ယှဉ်ပြိုင် ထားသည့် ဘာသာရပ်ဆိုင်ရာစာမူများ ဆန်ခါတင်အဆင့် ရွေးချယ်ထားရှိမှုအခြေအနေကို စိစစ် ရွေးချယ်ရေး အဖွဲ့ဝင်များက ဆွေးနွေးကြကြောင်း သိရသည်။