၂၀၂၂ ခုနှစ်အတွက် စာပေဗိမာန်စာမူဆုအဖွဲ့ငယ် (ဆန်ခါတင်အဆင့်) အစည်းအဝေး ကျင်းပ

၂ဝ၂၂  ခုနှစ် စာပေဗိမာန်စာမူဆုများ ရွေးချယ်ချီးမြှင့်နိုင်ရန်အတွက် စိစစ်ရွေးချယ်ခြင်းများ ဆောင်ရွက် လျက်ရှိရာ သက်ဆိုင်ရာဘာသာရပ်ဆိုင်ရာအဖွဲ့ငယ် (ဆန်ခါတင်အဆင့်) အစည်းအဝေးကို ၂ဝ၂၃ ခုနှစ် ဇူလိုင်လ ၂၁ ရက် နံနက် ၁၀ : ၀၀ မှ  ၁၁ : ၀၀ နာရီအထိ လည်းကောင်း၊ ၁၁ : ၀၀ မှ  ၁၂ : ၀၀ နာရီအထိ လည်းကောင်း၊ မွန်းတည့်  ၁၂ : ၀၀ နာရီမှ မွန်းလွဲ ၁ : ၀၀ နာရီအထိလည်းကောင်း ရန်ကုန်မြို့  ကုန်သည်လမ်းရှိ စာပေဗိမာန်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

အစည်းအဝေးတွင် ၂ဝ၂၂ ခုနှစ်အတွက် စာပေဗိမာန်စာမူဆုရွေးချယ်နိုင်ရေးအတွက် ပေးပို့ယဉ်ပြိုင်ထားသည့် ဘာသာရပ်ဆိုင်ရာ စာမူများ ဆန်ခါတင်အဆင့်ရွေးချယ်ထားရှိမှု အခြေအနေကို စိစစ်ရွေးချယ်ရေး အဖွဲ့ဝင်များက ဆွေးနွေး ကြကြောင်း သိရသည်။

1-237

2-215

အကြံပြုစာ/တိုင်ကြားစာ