ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန၊ ပခုက္ကူစာပေဆု ကျမ်းစာပေ ပထမဆုရရှိသည့် စာရေးသူ မောင်မြကျော်၏ ‘အခြေခံပညာ သိကောင်းစရာများ’ စာအုပ်ကို ဖြန့်ချိ ရောင်းချလျက်ရှိသည်။
ယင်းစာအုပ်တွင် မြန်မာနိုင်ငံ၏ပညာရေး၌ အရေးအကြီးဆုံး ပညာရေးကဏ္ဍကြီးတစ်ခု ဖြစ်သည့် အခြေခံပညာရေးအကြောင်းကို ရေးသားထားသည်။ သိမှတ်ဖွယ်ရာ အခြေခံပညာနှင့် အခြေခံပညာ ကျောင်းဝေါဟာရများဟူ၍ အပိုင်း (၂) ပိုင်းဖြင့် ခွဲခြားရေးသားတင်ပြထားသည်။ အပိုင်း (၁) တွင် အခြေခံပညာဖွင့်ဆိုသတ်မှတ်ချက်များ၊ အခြေခံပညာဌာနဖွဲ့စည်းခြင်းနှင့် ဌာနအကြီး အကဲများ၊ အခြေခံပညာနှင့် ပညာရေးအမျိုးအစားများ၊ အခြေခံပညာနှင့် ဆရာအတတ်ပညာ၊ အခြေ ခံပညာနှင့် သင်ကြား၊ သင်ယူမှုလုပ်ငန်းစဉ်များ၊ အခြေခံပညာနှင့် စစ်ဆေးအကဲဖြတ်ခြင်း၊ အခြေခံ ပညာ- ပညာရေးစီမံကိန်း၊ စီမံချက်နှင့် ဖွံ့ဖြိုးရေးမိတ်ဖက်များ၊ အခြေခံပညာနှင့် မူဝါဒဆိုင်ရာ ဆောင်ရွက် ချက်များကို ရေးသားထားသည်။ အပိုင်း (၂) တွင် ကျောင်းဟူသော စကားလုံးဖြင့် အစပြု ထားသည့် ဝေါဟာရများ၊ ကျောင်းဟူသော စကားလုံးဖြင့် အဆုံးသတ်ဝေါဟာရများ (သို့မဟုတ်) ကျောင်းအမျိုး အစားများ၊ ဆရာအခေါ်အဝေါ်များ (သို့မဟုတ်) ဆရာအမျိုးအစား ဟူ၍ အခန်းများခွဲ ကာ ရေးသားတင်ပြထားပါသည်။ ထို့ကြောင့် ယင်းစာအုပ်သည် အခြေခံပညာရေးနှင့်ပတ်သက်၍ ခြုံငုံ သိရှိနိုင်သော စာအုပ်ကောင်းတစ်အုပ်ဖြစ်ပါသည်။
အဆိုပါစာအုပ်ကို ရောင်းဈေး (၂၅၀၀) ကျပ်ဖြင့် အမှတ် ၅၂၉ - ၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၁-၈၂၄၉၀၃၁၊ ၀၁-၈၃၈၁၄၄၈)၊ အမှတ် (တ- ၅၅)၊ သပြေကုန်းစျေး၊ နေပြည်တော်ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၆၇-၃၄၁၄၆၈၁)၊ ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်း ကြား၊ မန္တလေးမြို့ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၂-၄၀၃၀၁၈၆) နှင့် အမြို့မြို့ရှိ စာပေဗိမာန် ကိုယ်စားလှယ်များထံတွင် ဆက်သွယ်ဝယ်ယူနိုင်ကြောင်းနှင့် လက်ကားမှာယူလိုပါက အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန်၊ အရောင်းဌာန (ဖုန်း ၀၁-၈၂၄၉၀၃၁၊ ၀၁-၈၃၈၁၄၄၈) သို့ ဆက်သွယ်နိုင်ကြောင်း သတင်းရရှိသည်။