၂၀၂၂ ခုနှစ်အတွက် အမျိုးသားစာပေဆုအဖွဲ့ငယ် (ဆန်ခါတင်အဆင့်) အစည်းအဝေးကျင်းပ

၂ဝ၂၂ ခုနှစ် အမျိုးသားစာပေဆုများ ရွေးချယ်ချီးမြှင့်နိုင်ရန်အတွက် စိစစ်ရွေးချယ်ခြင်းများ ဆောင်ရွက်လျက်ရှိရာ သက်ဆိုင်ရာဘာသာရပ်ဆိုင်ရာအဖွဲ့ငယ် (ဆန်ခါတင်အဆင့်) အစည်းအဝေးကို ၂ဝ၂၃ ခုနှစ် ဩဂုတ်လ ၈ ရက် နံနက် ၁၀ : ၀၀ မှ ၁၁ : ၀၀ နာရီအထိလည်းကောင်း၊ နံနက် ၁၁ : ၀၀ မှ မွန်းတည့်  ၁၂ : ၀၀ အထိလည်းကောင်း ရန်ကုန်မြို့ ကုန်သည်လမ်းရှိ စာပေဗိမာန်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်သည်။

အစည်းအဝေးတွင်၂ဝ၂၂ ခုနှစ်အတွက် အမျိုးသားစာပေဆုရွေးချယ်နိုင်ရေးအတွက် ဘာသာရပ်ဆိုင်ရာ စာအုပ်များ ဆန်ခါတင်အဆင့်ရွေးချယ်ထားမှု အခြေအနေကို စိစစ်ရွေးချယ်ရေးအဖွဲ့ဝင်များက ဆွေးနွေး ကြကြောင်း သိရသည်။

1-248
 

 

အကြံပြုစာ/တိုင်ကြားစာ