စာပေဗိမာန်စာအုပ်ဆိုင်များတွင် ၂၀၂၃ ခုနှစ်၊ ဩဂုတ်လထုတ်  သုတပဒေသာနှင့် လူငယ်ရေးရာစာစောင် ရောင်းချ

၁၉၇၃ ခုနှစ်၊ ဇူလိုင်လမှ စတင်ထုတ်ဝေခဲ့ပြီး နှစ်ပေါင်း ၅ဝ ကျော် စာချစ်သူများ လက်ခံအားပေး လာခဲ့သော စာပေဗိမာန်ထုတ် သုတပဒေသာစာစောင်ကို ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလမှစ၍ သုတပဒေသာနှင့် လူငယ်ရေးရာစာစောင်ဟု အမည်ပြောင်းလဲကာ ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ၊ အတွဲ(၅ဝ)၊ အမှတ်(၈) ကို  ထုတ်ဝေလိုက်ပြီ ဖြစ်ပါသည်။ စာစောင်ကို အမည်ပြောင်းလိုက်သလို အတွင်းပိုင်းပါဝင်သော စာမူများ ကိုလည်း အပိုင်းခွဲ၍ ဖော်ပြထားပါသည်။ 

လူငယ်များအတွက် အဓိကဦးတည်သော သုတပဒေသာနှင့် လူငယ်ရေးရာစာစောင်၏ မျက်နှာဖုံးဆောင်းပါးကဏ္ဍမှာ “ရေရှည်စီမံဆောင်ရွက်သွားရမည့် အမျိုးသားအားကစားအဆင့် တိုးတက်မြင့်မားရေး” ဖြစ်ပါသည်။ မျက်နှာဖုံးဆောင်းပါးကဏ္ဍတွင် အမျိုးသားအားကစား မြင့်မားလာရေး၊ အားကစား စီမံခန့်ခွဲမှုပညာရပ် ထွန်းကားမှ အားကစား၌ အောင်ပွဲများရမည်ဖြစ်၊ လူငယ်ရေးရာကဏ္ဍတွင် နှိုင်းယှဉ်တဲ့ လူတွေရဲ့ဘဝ၊ ဘဝမှာ အဖိုးအတန်ဆုံး ရတနာ၊ အမေ့ခံနေ့တစ်နေလို့ပဲ ပြောလိုက်ချင်နေပြီ၊ အချိန်ကို စီမံခန့်ခွဲရာဝယ်၊ ဩဂုတ်လ၊ လူငယ်များ ရှောင်ရှားသင့်သော မူးယစ်ဆေးဝါး (Party Drug) များ၊ ရှန်နန်ဒို အမျိုးသားဉယျာဉ်ကြီး၊ ဘဝနှင့် အောင်မြင်မှု၊ အောင်မြင်မှုနှင့် ငွေ၊ ကဗျာကဏ္ဍတွင် မွေးကင်းစ ပီတိ၊  နိုင်ငံတကာဆိုင်ရာကဏ္ဍတွင် ပြန်လည်ပြည့်ဖြိုးမြဲ နေရောင်ခြည်စွမ်းအင်ဖြင့် လျှပ်စစ် ထုတ်လုပ်ခြင်း (အပိုင်း-၂)၊ သဘာဝပတ်ဝန်းကျင် ရှုထောင့်ဆိုင်ရာကဏ္ဍတွင် ရက်စွဲပါသော ပုဂံခေတ် ဗုဒ္ဓဆင်းတုတော်များ၊ ဗိုင်းရပ်စ် ရှာပုံတော်၊ ကလေးစစ်သား ပပျောက်ရေးဆိုင်ရာကဏ္ဍတွင် ပဋိပက္ခဇုန် အတွင်းမှ ကလေးများ၊ စီးပွားရေးဆိုင်ရာကဏ္ဍတွင် ဂလိုဘယ်လိုက်ဇေးရှင်း၏ အနီးဆုံး အနာဂတ်၊ စွန့်ဦးလုပ်ငန်းရှင်များ၏ အောင်မြင်မှု လှေကားထစ်များ၊ စီးပွားရေးလုပ်ငန်းရှင်များအတွက် ရလဒ်ကောင်း၊ အမုန်းစကားဆိုင်ရာကဏ္ဍတွင် အမုန်းစကား ဝေးစေ၊ ကလေးအလုပ်သမားဆိုင်ရာကဏ္ဍတွင် ကလေးအလုပ်သမား ပပျောက်ရေးကြိုးပမ်းမှု၊  ကျန်းမာရေးဆိုင်ရာကဏ္ဍတွင် ဆန်းသစ်ဖွေရှာ ဆေးပညာ (၂၆ဝ)၊ အစား အသောက် ဘေးကင်းလုံခြုံရေးအတွက် အရေးကြီးသော သန့်ရှင်းရေး၊ သင့်ရဲ့ အံ့ဖွွယ် သွေးလည်ပတ်မှုစနစ်၊ ဖြစ်ရပ်မှန်ကဏ္ဍတွင် လွတ်မြောက်ရေးသို့၊ ဝတ္ထုတိုကဏ္ဍတွင် ယနေ့ထက်တိုင် အောင်ပင်၊ အထွေထွေကဏ္ဍတွင် အလေးထားသင့်သော မူပိုင်ခွင့်အရေး၊ လယ်သမားအခွင့်အရေး ပိုမို တိုးမြှင့်ကာကွယ်ပေး၊ ဟာသ စသည်ဖြင့် ကဏ္ဍမျိုးစုံ ဆောင်းပါးများ ပါဝင်ပါသည်။

 သုတပဒေသာနှင့် လူငယ်ရေးရာစာစောင်ကို တစ်အုပ်လျှင် ၂၅ဝဝ ကျပ်နှုန်းဖြင့် စာပေဗိမာန် စာအုပ်ဆိုင်၊ အမှတ် (တ-၅၅)၊ သပြေကုန်းစျေး၊ နေပြည်တော်၊ ဖုန်း ဝ၆၇-၃၄၁၄၆၈၁၊ စာပေဗိမာန် စာအုပ်ဆိုင်၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ ဖုန်း-ဝ၁-၈၂၄၉ဝ၃၁၊ ၀၁- ၈၃၈၁၄၄၈၊ စာပေဗိမာန် စာအုပ်ဆိုင်၊ ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်းကြား၊ မန္တလေး၊ ဖုန်း ဝ၂- ၄၀၃ဝ၁၈၆၊ ရန်ကုန်မြို့ရှိ စာအုပ်ဆိုင်ကြီးများ၊ မန္တလေးမြို့ရှိ ထွန်းဦးစာပေ၊ နဂါးစာပေနှင့် မြို့အသီးသီးရှိ စာပေဗိမာန် ကိုယ်စားလှယ်များထံ ဝယ်ယူရရှိနိုင်ပြီး လက်ကားမှာယူလိုပါက စာပေဗိမာန် စာအုပ်ဆိုင် အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ ဖုန်း-ဝ၁-၈၂၄၉ဝ၃၁၊ ၀၁-၈၃၈၁၄၄၈ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။
 

အကြံပြုစာ/တိုင်ကြားစာ