၂၀၂၂ ခုနှစ်အတွက် အမျိုးသားစာပေဆုအဖွဲ့ငယ် (အတည်ပြုအဆင့်) အစည်းအဝေးကျင်းပ

၂ဝ၂၂ ခုနှစ် အမျိုးသားစာပေဆုများ ရွေးချယ်ချီးမြှင့်နိုင်ရန်အတွက် စိစစ်ရွေးချယ်ခြင်းများ ဆောင်ရွက်လျက်ရှိရာ သက်ဆိုင်ရာဘာသာရပ်ဆိုင်ရာအဖွဲ့ငယ် (အတည်ပြုအဆင့်) အစည်းအဝေးကို ၂ဝ၂၃ ခုနှစ် စက်တင်ဘာလ ၅ ရက် နံနက် ၁၀ : ၀၀ မှ ၁၀ : ၃၀ နာရီအထိလည်းကောင်း၊ နံနက် ၁၀ : ၃၀ မှ မွန်းတည့်      ၁၁ : ၀၀ အထိလည်းကောင်း၊ မွန်းတည့် ၁၁ : ၀၀ နာရီမှ မွန်းလွဲ ၁၂ : ၀၀ နာရီအထိလည်းကောင်း ရန်ကုန်မြို့ ကုန်သည်လမ်းရှိ စာပေဗိမာန်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

အစည်းအဝေးတွင်၂ဝ၂၂ ခုနှစ်အတွက် အမျိုးသားစာပေဆုရွေးချယ်နိုင်ရေးအတွက် ဘာသာရပ်ဆိုင်ရာ စာအုပ်များ အတည်ပြုအဆင့်ရွေးချယ်ထားမှုအခြေအနေကို စိစစ်ရွေးချယ်ရေးအဖွဲ့ဝင်များက ဆွေးနွေး ကြကြောင်း သိရသည်။

01-3

02-6

03-5

အကြံပြုစာ/တိုင်ကြားစာ