‘’ယဉ်အောင်ဟိန်း’’ရေးသားသည့် “ကျောက်သမား၊ ကျောက်စိမ်းနှင့် ကျောက်လောက” စာအုပ်ကို ဖြန့်ချိ

ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်က စာပေဗိမာန်စာမူဆု၊ စာပဒေသာ ဒုတိယဆု ရရှိသည့် စာရေးဆရာ ယဉ်အောင်ဟိန်း၏ “ကျောက်သမား၊ ကျောက်စိမ်းနှင့် ကျောက်လောက” စာအုပ်ကို ဖြန့်ချိရောင်းချလျက်ရှိသည်။

ယင်းစာအုပ်တွင် ယုဇနကျောက်ဝိုင်း၊ အပွင့်ကောက်အထုပ်သမား၊ စပ်ပုံကျောက်သမိုင်း၊ ကျောက်သမားရဲ့ စီးပွားရေးခံယူချက်၊ ကျောက်လောကသို့၊ ကျောက်ဝိုင်းဖမ်းစဉ်တုန်းက၊ ထီးဖြူဖိနပ်ပါး ကျောက်ပွဲစား၊ ပုံပြောကောင်းသူ၊ နားထောင်ခဲ့ရသော ကျောက်စိမ်းပုံပြင်၊ တရုတ်တန်းမှော်ဆိုသည်မှာ စသည်တို့ကို  အခန်းပေါင်း ၂၇ ခန်းခွဲပြီး ရေးသားထားသည်။ စာရေးသူကိုယ်တိုင် ကျောက်လောကထဲတွင် နေ့စဉ်ကျင်လည်တွေ့ကြုံခဲ့ရသည့် အတွေ့အကြုံများကို စိတ်ဝင်စားဖွယ် ရေးသားထားသည့်အပြင် ကျောက်သမားဟု ခေါ်ဆိုလာပုံ၊ ကျောက်လောကတွင် အရည်ကျောက်သမား၊ အသားကျောက်သမား၊ စပ်ပုံကျောက်သမားနှင့် နတ်မှော်ကျောက်သမားဟူသည့် ကျောက်လောကနှင့် ကျောက်သမားတို့၏‌ ဝေါဟာရများ၊ ကျောက်အရည်အသွေး၊ တန်ဖိုး၊ ကျောက်အောင်ခြင်း၊ မအောင်ခြင်း စသည့် အကြောင်းအချက် များကို သုတနှင့် ရသ ရောယှက်ကာ သရုပ်ဖော်တင်ပြထားသည်။

အဆိုပါစာအုပ်ကို ရောင်းဈေး (၃၀ဝဝ) ကျပ်ဖြင့် အမှတ် ၅၂၉ - ၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၁-၈၂၄၉၀၃၁၊ ၀၁-၈၃၈၁၄၄၈)၊ အမှတ် (တ- ၅၅)၊ သပြေကုန်းစျေး၊ နေပြည်တော်ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၆၇-၃၄၁၄၆၈၁)၊ ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်းကြား၊ မန္တလေးမြို့ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၂-၄၀၃၀၁၈၆) နှင့် အမြို့မြို့ရှိ စာပေဗိမာန် ကိုယ်စားလှယ် များထံတွင် ဆက်သွယ်ဝယ်ယူနိုင်ကြောင်းနှင့် လက်ကားမှာယူလိုပါက အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန်၊ အရောင်းဌာန (ဖုန်း ၀၁-၈၂၄၉၀၃၁၊ ၀၁-၈၃၈၁၄၄၈) သို့ ဆက်သွယ်နိုင်ကြောင်း သတင်း ရရှိသည်။
 

အကြံပြုစာ/တိုင်ကြားစာ