၇-၁၀-၂၀၂၃ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၅)၊ အမှတ် (၄၀)ထွက်ရှိ

ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ်အောက် ကလေးငယ်များ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၂၃ ခုနှစ်၊ ‌အောက်တိုဘာလ ၇ ရက် (စနေနေ့)တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ (၅၅)၊ အမှတ် (၄၀)၌ မထင်မှတ်ဘဲ ဖတ်လိုက်ရသည့် ကဗျာလေးတစ်ပုဒ်ကြောင့် ကိုယ်ပိုင်အိမ်ထောင်ပရိဘောဂလုပ်ငန်းကို ထူထောင်နိုင်သည်အထိ အောင်မြင်မှုရရှိခဲ့သော မောင်ဝေဠုအကြောင်း တင်ဆက်ထားသည့် “ကဗျာလေးကျေးဇူး” မျက်နှာဖုံးကာတွန်း၊ ပန်းချီဆရာ ဦးဇီးကွက်သည် နေ့ဘက်တွင် အပြင်မထွက်ဘဲ ညအခါမှသာ အစာရှာထွက်ရသည့် ဒဏ္ဍာရီပုံပြင် အကြောင်း ရေးဖွဲ့ထားသည့် “အမေပြောသော ပုံပြင်များ” နှစ်မျက်နှာကာတွန်း၊ ဘကြီးစောသည် သူ၏ဆိုင်တွင် မေ့ကျန်ခဲ့သော ပစ္စည်းများအတွက် တာဝန်မယူကြောင်း ရေးဖွဲ့ထားသည့် “ရိုးရိုးလေး၏ တတ်လည်း တတ်နိုင်တယ်” နှစ်မျက်နှာကာတွန်း၊  ဇနီးဖြစ်သူ၏ ပြောကြားချက်အတိုင်း ပုတ်ကြီးနောက်ကို တစ်သဝေမတိမ်းလိုက်ကာ မြို့ တက်ခဲ့သော်လည်း မြို့သို့မရောက်ဘဲ  မိမိရွာသို့ ပင်  ပြန်လည်ရောက်ရှိလာသော သနပ်ဖက်သည်အကြောင်း ရေးဖွဲ့ထားသည့် “တူလွန်းလို့” နှစ် မျက်နှာကာတွန်း၊ အမှိုက်များကို လမ်းပေါ်တွင် မပစ်ဘဲ အမှိုက်ပုံးထဲသို့  စနစ်တကျပစ်သည့် အလေ့ အကျင့်ကို ထားရှိရမည်ဆိုသော လင်းသစ်နှင့် သာဉာဏ်တို့အကြောင်း ရေးဖွဲ့ထားသည့် “လင်းသစ်ပါဝင်သည့် အမှိုက်ကို...” တစ်မျက်နှာကာတွန်းနှင့်  ညစ်ပေနေသော အင်္ကျီကို တီဗွီကကြော်ငြာသည့် ဆပ်ပြာမှုန့်ဖြင့်  လျှော်ကြည့်ရန် အကြံပေးလိုက်သည့် လူငယ်လေးတစ်ယောက်အကြောင်း  ဟာသ ဖြစ်ဖွယ် သရုပ်ဖော်ထားသည့် “ဘယ်ကျော်” မျက်နှာဝက်ကာတွန်းတို့ကို တင်ဆက်ထားပါသည်။ 

သုတကဏ္ဍအနေဖြင့်  အညှောက်ပေါက်နေသော အာလူးများကို  စားသုံးမိပါက အစာ အဆိပ် ဖြစ်နိုင်ကြောင်း ဖတ်ရှုရမည်ဖြစ်ပါသည်။ ဝတ္ထုကဏ္ဍတွင် လူသားတို့အတွက်  အကျိုး ကျေးဇူးများစွာ ဖြစ်ထွန်းစေသည့် ကမ္ဘာ့လေထုအကြောင်းကို ဗဟုသုတဖြစ်ဖွယ် တင်ဆက် ထားပါသည်။ ပုံပြင်ကဏ္ဍအနေဖြင့် သူဌေးကြီးအပ်ဒူလာသည် မိမိ၏လောဘစိတ်ကို မထိန်းချုပ် နိုင်ခြင်းကြောင့် မျက်လုံးကန်းရသည်အထိ ဒုက္ခရောက်သွားရပုံအကြောင်း ရေးဖွဲ့ထားပါသည်။  ထို့ပြင်  ကလေးတို့ကိုယ်တိုင် ရေးဆွဲထားသည့် ပန်းချီလက်ရာများကို တင်ဆက်ထားသည့် “ရွှေသွေး တို့လက်ရာ” ကဏ္ဍ၊ ရွှေသွေးတို့ကိုယ်တိုင် ပါဝင်ဆောင်ရွက်နိုင်မည့် ဉာဏ်စမ်းကဏ္ဍနှင့် မြန်မာ့ သမိုင်းဝင် ဂုတ်ထိပ်တံတားကြီးအကြောင်း ကလေးတို့ ဗဟုသုတဖြစ်ဖွယ် ရေးဖွဲ့ထားသည့် ဆရာမောင်မေခ၏ “ဂုတ်ထိပ်တံတား” ကဗျာကဏ္ဍတို့ကိုလည်း တင်ဆက်ထားပါသည်။ အင်္ဂလိပ်စာ ကဏ္ဍအနေဖြင့် အသိမိတ်ဆွေတစ်ဦး၏မွေးနေ့အတွက် မွေးနေ့လက်ဆောင်ပေးရန် တိုင်ပင်ကြရာ၌ ပြောဆိုလေ့ရှိသည့် အင်္ဂလိပ်စကားပြောကို အသုံးအနှုန်းမတူဘဲ အဓိပ္ပာယ်တူ ပြောထားသည့် သင်ခန်းစာသစ်အချို့ကို  ကလေးတို့ လေ့လာနိုင်မည်ဖြစ်ပါသည်။

ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၄၀၀ ကျပ် နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့။ ဖုန်း ၀၁-၃၈၁၄၄၈၊ ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။
 

အကြံပြုစာ/တိုင်ကြားစာ