ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံး ဆန္ဒဖော်ထုတ်ပွဲ အခမ်းအနားကျင်းပ

ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံး၏ ဆန္ဒဖော်ထုတ်ပွဲ အခမ်းအနားကို (၂-၁၁-၂၀၂၃) ရက် နံနက် (၁ဝ : ၃ဝ) နာရီတွင် စာပေဗိမာန်ရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ပါသည်။

အဆိုပါ ဆန္ဒဖော်ထုတ်ပွဲကို အစီအစဉ် (၅) ရပ်ဖြင့် ကျင်းပခဲ့ရာ စာတည်းမှူးချုပ် ဦးတိုးကျော်က အဖွင့်အမှာစကားပြောကြားပြီးနောက် ဦးစီးအရာရှိ (စီမံ) က နေပြည်တော် (ရုံးချုပ်) မှ ညွှန်ကြားချက်များကို ဖတ်ကြားရှင်းလင်းသည်။ ဌာနစိတ်အသီးသီးက တင်ပြခဲ့ကြပြီးနောက် စာပေဗိမာန်၏ ဆောင်ပုဒ်ဖြစ်သည့် “အမှောင်ခွင်း၍ အလင်းဆောင်အံ့” ကို (၃) ကြိမ် ဟစ်ကြွေး ပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြသည်။ အဆိုပါ ဆန္ဒဖော်ထုတ်ပွဲသို့ အရာထမ်း(၁၈) ဦး၊ အမှု ထမ်း (၅၃) ဦး၊ စုစုပေါင်း ဝန်ထမ်း (၇၁) ဦးတို့ တက်ရောက်ခဲ့ကြသည်။

01-14

02-15

 


 

အကြံပြုစာ/တိုင်ကြားစာ