၁၆ - ၁၂ - ၂၀၂၃ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၅)၊ အမှတ် (၅၀) ထွက်ရှိ

ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ်နှင့် အောက်ကလေးငယ်များ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘလ ၁၆ ရက် (စနေနေ့)တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ(၅၅)၊ အမှတ်(၅၀) ၌ တစ်ကိုယ်ကောင်းဆန်သော ကျီးများနှင့် ကူညီတတ်သော  သာလိကာလေးတို့ မိတ်ဆွေဖြစ်သွားကြပုံ၊ သူတို့၏ စုပေါင်းအားဖြင့်  ရန်သူကိုတိုက်ထုတ်ကြပုံအကြောင်း တင်ဆက်ထားသည့် “တစ်ကိုယ်ကောင်းဆန်သော ကျီးများ”မျက်နှာဖုံးကာတွန်း၊  ဘွားညိုကို ပြက္ခဒိန်တွင် အမှတ်ခြစ်ရ သက်သာအောင် ဝိုင်းကူခြစ်ပေးသော ပေါက်ကျော်အကြောင်း တင်ဆက်ထားသည့် “အလိုက်သိတဲ့ ပေါက်ကျော်” နှစ်မျက်နှာကာတွန်း၊ ပေ ‘၃၀’ မြင့်သည့် လှေကား၏ အောက်ဆုံးအထစ်မှ ပြုတ်ကျ၍ ခြေထောက်နာသွားသော ရွှေဖဲအကြောင်း တင်ဆက်ထားသည့် “ရွှေဖဲ” တစ်မျက်နှာကာတွန်း၊ သူငယ်ချင်းအာနိုးထံမှ ရေခဲမုန့်ကို ‌မျှဝေစားလိုသော်လည်း အာနိုးကို တောင်းဆိုရမှာ တွန့်ဆုတ်နေသည့် ဖြိုးရဲအကြောင်း တင်ဆက်ထားသည့် “မပြောချင်ဘူး” နှစ်မျက်နှာကာတွန်း၊ ဆူးကလေး အိမ်တွင် မွေးထားသော ခွေးလေးသည် သူ့တာဝန် သူ ကျေပွန်အောင် ဆောင်ရွက်သွားမည့်အကြောင်း တင်ဆက်ထားသည့် “တာဝန်ကိုယ်စီ” နှစ်မျက်နှာကာတွန်း၊ စာမတတ်သူပပျောက်ရေးအတွက် အဘဦးကြိုင်နီကို ‘အ’ သုံးလုံးသင်တန်း တက်သင့်ကြောင်း လိပ်ပုနှင့် သူ့ သူငယ်ချင်းတို့ ဆွေးနွေးကြပုံကို တင်ဆက်ထားသည့် “အာတူးနဲ့ လိပ်ပု”မျက်နှာဝက် ကာတွန်းကဏ္ဍတို့ကို တင်ဆက်ထားပါသည်။

ခုနစ်ထွေအကတွင် ပါဝင်သော မျောက်အကအကြောင်း ဗဟုသုတဖြစ်ဖွယ် ရေးသားထားသော “ခုနစ်ထွေအက (မျောက်အက)” သုတဆောင်းပါးကဏ္ဍ၊ အဘိုးအိုတစ်ယောက်က ညီအစ်ကိုသုံးယောက်ကို လူ့ဘဝတွင် အရေးကြီးသည့်အရာ တစ်ခုအား ရွေးချယ်ခိုင်းသည့်အကြောင်း ရေးသားထားသည့် “မေတ္တာတရား ပြည့်ဝလျှင်” ပုံပြင်ကဏ္ဍ၊ သူတစ်ပါး၏ပစ္စည်းကို လိုချင်ပါက ပိုင်ရှင်ထံမှ တောင်းယူသင့်ကြောင်း၊ ပိုင်ရှင်မသိအောင် ခိုးယူခြင်းကို ရှောင်ကြဉ်သင့်ကြောင်း မောင်ညွန့်အား ဆုံးမထားသည့် “ယူခဲ့မိသော ငါးလေးတစ်ကောင်” ဝတ္ထုကဏ္ဍနှင့် ကျောင်းသားလူငယ်များအတွက် စာဖတ်ခြင်း၏ အရေးကြီးပုံနှင့် စာကြည့်တိုက်ကို ပုံမှန်သွားရောက်၍ စာဖတ်ရှုသင့်ပုံကို ရေးဖွဲ့ထားသည့် “စာဖတ်ကြပါ” ကဗျာကဏ္ဍတို့ကို တင်ဆက်ထားပါသည်။

အင်္ဂလိပ်စာကဏ္ဍအနေနှင့် မိမိ၏ အထက်လူကြီးကို ညစာစားပွဲ တက်ရောက်ရန်ဖိတ်ကြားသည့်အကြောင်း အပြန်အလှန်ပြောဆိုပုံကို ရေးသားထားသည့် “ရွှေသွေးစကားဝိုင်း” ကဏ္ဍ၊ ဉာဏ်စမ်းကဏ္ဍနှင့် ကဏ္ဍစုံလင်စွာ ထွက်ရှိပြီ ဖြစ်ပါသည်။

ရွှေသွေးဂျာနယ်ကို   ကိုယ်စားလှယ်အဖြစ်   မှာယူဖြန့်ချိလိုပါက   တစ်စောင်လျှင်   ၄၀၀ ကျပ် နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့။ ဖုန်း- ၀၁-၃၈၁၄၄၈၊ ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။
 

အကြံပြုစာ/တိုင်ကြားစာ