၁၉၇၃ ခုနှစ်၊ ဇူလိုင်လမှ စတင်ထုတ်ဝေခဲ့ပြီး နှစ်ပေါင်း ၅ဝ ကျော် စာချစ်သူများ လက်ခံအားပေး လာခဲ့သော စာပေဗိမာန်ထုတ် သုတပဒေသာစာစောင်ကို ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလမှစ၍ သုတပဒေသာနှင့် လူငယ်ရေးရာစာစောင်ဟု အမည်ပြောင်းလဲကာ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ၊ အတွဲ(၅ဝ)၊ အမှတ်(၁၂) ကို ထုတ်ဝေလိုက်ပြီ ဖြစ်ပါသည်။ စာစောင်ကို အမည်ပြောင်းလိုက်သလို အတွင်းပိုင်းတွင်ပါဝင်သော စာမူ များကိုလည်း အပိုင်းခွဲ၍ ဖော်ပြထားပါသည်။
လူငယ်များအတွက် အဓိကဦးတည်သော သုတပဒေသာနှင့် လူငယ်ရေးရာစာစောင်၏ မျက်နှာဖုံးဆောင်းပါးကဏ္ဍမှာ “လူဦးရေနှင့် နိုင်ငံဖွံ့ဖြိုးမှု ဟန်ချက်ညီရေး” ဖြစ်ပါသည်။ မျက်နှာဖုံးဆောင်းပါး ကဏ္ဍတွင် လူဦးရေနှင့် နိုင်ငံတိုးတက်ဖွံ့ဖြိုးမှု ဟန်ချက်ညီရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၌ လူဦးရေမူဝါဒ အရေးပါ၊ လူငယ်ရေးရာကဏ္ဍတွင် ဘဝမှာ ဆင်ခြင်စရာများ၊ ပညာရှိကို တန်ဖိုးထားသူ၊ လူမိုက်ကို ရှောင်လို့ရနိုင်ပါသလား၊ ယနေ့ကမ္ဘာနှင့် ဒစ်ဂျစ်တယ်နည်းပညာ၊ မျှတတွေးဆ လောကအလှ ဖန်တီး ကြဖို့၊ စွမ်းရည်မြင့်မား အပြည်ပြည်ဆိုင်ရာကလေးများ၊ ဖတ်သမျှ ဒဿန၊ လူငယ်နှင့် အောင်မြင်မှု နည်းလမ်းများ၊ ဘဝအနာဂတ်လှပဖို့ ငွေကို ချွေတာသုံးစွဲကြပါစို့၊ ကဗျာကဏ္ဍတွင် မိုးဆွေငှက်ငယ်သို့၊ နိုင်ငံတကာဆိုင်ရာကဏ္ဍတွင် လျှပ်စစ်စွမ်းအင်သုံးယာဉ်ဆိုင်ရာ နည်းပညာ ရှာပုံတော်ခရီး (အပိုင်း- ၂)၊ အရှေ့တောင်အာရှနှင့် စွမ်းအင်ဆိုင်ရာ သံခင်းတမန်ခင်း အားကောင်းလာသော အိန္ဒိယ၊ အငြင်းပွားစရာ ဟင်းလျာ၊ သဘာဝပတ်ဝန်းကျင် ရှုထောင့်ဆိုင်ရာကဏ္ဍတွင် ဆောက်လုပ်ရေးပညာရှင် စာဘူးတောင်း (Weaver Bird)၊ မြေဆီလွှာ ညစ်ညမ်းမှု၊ စီးပွားရေးဆိုင်ရာကဏ္ဍတွင် ဒေါ်လာအလွန်ကမ္ဘာ လာတော့ မည်လော၊ MSME များ သေချာသည့် ပြည်တွင်းကုန်ကြမ်းကိုသာ သုံးစွဲရေး၊ မူးယစ်ဆေးဝါးဆိုင်ရာ ကဏ္ဍတွင် အရက်နှင့် မူးယစ်ဆေးဝါး အန္တရာယ်၊ အကြမ်းဖက်မှုဆိုင်ရာကဏ္ဍတွင် အမျိုးသမီးများအပေါ် ဆက်သွယ်ရေးနည်းပညာများ သုံးပြီး အကြမ်းဖက်ခြင်းကို ကာကွယ်ပါ၊ ကျန်းမာရေးဆိုင်ရာကဏ္ဍတွင် ဆန်းသစ်ဖွေရှာ ဆေးပညာ (၂၆၄)၊ ကျန်းမာရေးကောင်းမွန်စေရန်အတွက် တွဲဖက်စားသုံးသင့်သည့် အစားအစာများ၊ ဖြစ်ရပ်မှန်ကဏ္ဍတွင် ဟေး…မင်း အဲဒီမှာ လဲနေတုန်းပဲလား၊ လက်ဆောင်မွန် သူ့ကို ပေးချင်၊ ဝတ္ထုတိုကဏ္ဍတွင် နှင်းသည်းတဲ့ည၊ နောက်ဆုံးစာမျက်နှာ၊ အထွေထွေကဏ္ဍတွင် ရွေးကောက်ပွဲ သမာသမတ်ကျမှု၊ လမ်းပေါ်မှ အန္တရာယ်များကို သတိပြုကာကွယ်ပါ (အပိုင်း-၂)၊ ဟာသ စသည်ဖြင့် ကဏ္ဍမျိုးစုံ ဆောင်းပါးများ ပါဝင်ပါသည်။
သုတပဒေသာနှင့် လူငယ်ရေးရာစာစောင်ကို တစ်အုပ်လျှင် ၂၅ဝဝ ကျပ်နှုန်းဖြင့် စာပေဗိမာန် စာအုပ်ဆိုင်၊ အမှတ် (တ-၅၅)၊ သပြေကုန်းစျေး၊ နေပြည်တော်၊ ဖုန်း ဝ၆၇-၃၄၁၄၆၈၁၊ စာပေဗိမာန် စာအုပ်ဆိုင်၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ ဖုန်း-ဝ၁-၈၂၄၉ဝ၃၁၊ ၀၁- ၈၃၈၁၄၄၈၊ စာပေဗိမာန် စာအုပ်ဆိုင်၊ ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်းကြား၊ မန္တလေး၊ ဖုန်း ဝ၂- ၄၀၃ဝ၁၈၆၊ ရန်ကုန်မြို့ရှိ စာအုပ်ဆိုင်ကြီးများ၊ မန္တလေးမြို့ရှိ ထွန်းဦးစာပေ၊ နဂါးစာပေနှင့် မြို့အသီးသီးရှိ စာပေဗိမာန် ကိုယ်စားလှယ်များထံ ဝယ်ယူရရှိနိုင်ပြီး လက်ကားမှာယူလိုပါက စာပေဗိမာန် စာအုပ်ဆိုင် အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ ဖုန်း-ဝ၁-၈၂၄၉ဝ၃၁၊ ၀၁-၈၃၈၁၄၄၈ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။