၂၀၂၃ ခုနှစ်အတွက် အမျိုးသားစာပေဆုရွေးချယ်နိုင်ရေး ဖတ်ရှုစိစစ်ရမည့် စာအုပ်များ လက်ခံလျက်ရှိရာ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၁၈) ရက်တွင် စာအုပ် (၁၇) မျိုး ထပ်မံရရှိ

၂၀၂၃ ခုနှစ်အတွက် အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရာတွင် ထည့်သွင်းစဉ်းစားနိုင်ရေး ၂၀၂၃ ခုနှစ် အတွင်း ပထမအကြိမ်ထုတ် စာအုပ်များကို စာပေဆုများအုပ်ချုပ်ထောက်ပံ့မှုကော်မတီရုံး စာပေဗိမာန်သို့ ပေးပို့ကြရန် စာရေးသူ၊ ပုံနှိပ်သူ၊ ထုတ်ဝေဖြန့်ချိသူများနှင့် ပြည်သူများကို နိုင်ငံပိုင်သတင်းစာများ၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားသတင်းဌာနများမှတစ်ဆင့် မေတ္တာရပ်ခံ နှိုးဆော်ခဲ့ပါသည်။

အဆိုပါ မေတ္တာရပ်ခံချက်အရ စာရေးသူ၊ ပုံနှိပ်သူနှင့် ထုတ်ဝေဖြန့်ချိသူတို့က ၂၀၂၃ ခုနှစ်အတွင်း ပထမ အကြိမ်ထုတ် စာအုပ်များကို တစ်မျိုးလျှင် (၄) အုပ်နှုန်းဖြင့် စာပေဗိမာန်ရုံးသို့ လာရောက်ပေးပို့လျက်ရှိရာ စာပေဗိမာန်ရုံးက လက်ခံရရှိကြောင်း ပြန်ကြားပေးခြင်း၊ ppd Web Site တွင် သတင်းထုတ်ပြန်ခြင်း၊ ရရှိလာသည့် စာအုပ်များကို အမျိုးသားစာပေဆု ရွေးချယ်နိုင်ရေးအတွက် သတ်မှတ်ထားသော ဘာသာရပ် (၁၉) မျိုးအလိုက် ဘာသာရပ်များ ခွဲခြားမှတ်တမ်းတင်ခြင်း စသည်တို့ ဆောင်ရွက်လျက်ရှိပါသည်။ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၁၈) ရက်တွင် စာအုပ် (၁၇) မျိုး ထပ်မံရရှိခဲ့ရာ လာရောက်ပေးပို့သည့် ရက်များ ကိုလည်း Web Site တွင် သတင်းအဖြစ် ဖော်ပြခဲ့ပါသည်။ ယင်းစာအုပ်များစာရင်းကို အောက်ပါအတိုင်း စုစည်း ဖော်ပြအပ်ပါသည် -

(၁) နီတိရေးရာအဖြာဖြာ - မာမာ (အမိမြေ)
(၂) ကျန်းမာစေရာ ဝေဝေဆာဆာ သုတပဒေသာ      -  ဒေါက်တာမြင့်သန်းထွန်း (ပြည်သူ့ကျန်းမာရေး)
      ကျန်းမာရေးအသိပညာပေးဆောင်းပါးပေါင်းချုပ် 
(၃) နှလုံးသားကို အလှဆင်ကဗျာများ - ကျော်လွင်ဦး (ပျဉ်းမနား)
(၄) လူဆိုတာက သေမျိုး (ရောဂါ၊ ဆေးပညာနဲ့      -  ဒေါက်တာအောင်နေထွဋ် (လသာ)
       ဘဝနိဂုံးချုပ်ချိန်မှာအရေးပါတဲ့အရာ) 
(၅) ကျန်းမာရေးနှင့်ညီညွတ်သောဆီကောင်းဆီသန့်  - အိအိချော
       ဝယ်ယူနည်းနှင့် စားသုံးဆီဆိုင်ရာ ဆောင်းပါးများ 
(၆) မွှေးမြနေဆဲ မွှေးနေဆဲကွယ်နှင့် - ခင်စန်းမော်
       မဂ္ဂဇင်းဝတ္ထုရှည်များ
(၇) ဆိတ်မွေးမြူရေးအကြောင်း - ဒေါက်တာခင်စန်းမော်
(၈) သုတ၊ ရသစုံလင် ပထမစာပေမှတ်တိုင် - ကြည်ကြည်ကျော် (ရင်တွင်းပုံရိပ်) ပျဉ်းမနား
(၉) ဆင်းရဲခြင်းလွတ်ကင်းအောင် ဆောင်းပါးစုစည်းမှု - ခန့်ဇော် (ကျေးလက်)
(၁၀) ပုဂံမင်းနေပြည်တော် ရှေးခေတ်ဟောင်း အောက်မေ့ဖွယ်ရာများ - နန္ဒာမောင် (သံဖြူဇရပ်)
        နှင့် သာသနိက သမိုင်းသုတရသစာစုများ
(၁၁) ဒူဘိုင်းသို့ မိုင်ပေါင်းများစွာ - သဉ္ဇာလှိုင်
(၁၂) ငသံချိတ်အနက်ရှိုင်းဆုံးနေရာနှင့်  - ရဲကျော်
        အခြားဝတ္ထုတိုများ
(၁၃) ခေတ်အဆက်ဆက်မြန်မာမင်းဆက်နှင့် - အောင်စိုး (B.A)
        မြန်မာ့သူရဲကောင်းများ
(၁၄) အချစ်လက်ဖက်ရည် - ကာတွန်းမြတ်နိုး
(၁၅) မုဒြာမှညွှန်းသော အလင်္ကာပန်းများ - ကောင်းကျော်
(၁၆) အညာသား ဖိုးခင်၏ နိုင်ငံရေးဘဝနှင့် - ပန်းတနော် ခင်မောင်မြင့်
        စာပေဘဝဖြတ်သန်းမှု
(၁၇) ဗုဒ္ဓဘာသာဝင်တို့၏ ရည်မှန်းချက်နှင့် - ဦးလွင်အောင် (မဟာဝိဇ္ဇာ)
        ဓမ္မရသဆောင်းပါးများ
 

အကြံပြုစာ/တိုင်ကြားစာ