မြန်မာစာပေဖွံ့ဖြိုးတိုးတက်ရေး စာတမ်းဖတ်ပွဲနှင့်  စာပေဟောပြောဆွေးနွေးပွဲ ကျင်းပ

 ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်က ဝန်ထမ်းများ စာပေဗဟုသုတ တိုးပွားစေရန် ရည်ရွယ်လျက် စာတမ်းဖတ်ပွဲနှင့် စာပေဟောပြောဆွေးနွေး ပွဲကို ၅-၂-၂၀၂၄ (တနင်္လာနေ့)  နံနက် ၁၀:၀၀ နာရီမှ နေ့လယ် ၁၂:၀၀ နာရီထိလည်းကောင်း၊ မွန်းလွဲ ၁:၃၀ နာရီမှ ၃:၃၀ နာရီထိလည်းကောင်း    စာပေဗိမာန်ရုံးအစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

အဆိုပါ စာတမ်းဖတ်ပွဲတွင် ဆရာဦးမောင်လှိုင် (အမျိုးသားစာပေဆုရ) က “မြန်မာမှ အင်္ဂလိပ်ဘာသာသို့ ဘာသာပြန်ဆိုခြင်းနှင့် ဘာသာပြန်ဆိုမှု အတတ်ပညာအကြောင်း တစေ့ တစောင်း”  ဟူသော ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဆရာမြေလတ်မောင်မြင့်သူ (အမျိုးသား စာပေဆုရ) က “အက်ဆေးစာပေဖွံ့ဖြိုးရေးနှင့် အက်ဆေးတစ်ပုဒ် ဖန်တီးခြင်းအနု ပညာ”   ခေါင်းစဉ်ဖြင့်လည်းကောင်း ဟောပြောဆွေးနွေးခဲ့ကြပါသည်။

ယင်းနောက် တက်ရောက်လာကြသည့် ဝန်ထမ်းများက သိလိုသည်များကို မေးမြန်းဆွေးနွေး ခဲ့ကြပြီး မွန်းလွဲ (၃:၃၀) နာရီအချိန်တွင် အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

01-16
 

02-18

03-15

အကြံပြုစာ/တိုင်ကြားစာ